အစိမ်းရောင်လမ်းရဲ့ ဉာဏ်စမ်းအစီအစဉ်

29/03/2024 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဉာဏ်စမ်းအတွက် အဖြေမှန်လေးတိုက်လို့ရပါပြီရှင့် ♥

👩‍🌾 အဖြေမှန်ကတော့ ပိုးပါနော်

ပိုးနာမည်ကတော့ ရွက်ထွင်းပိုးလို့ ခေါ်ပါတယ်ရှင့်

သူတို့က အရွက်ရဲ့ အစိမ်းရောင်ခြယ်ပစ္စည်းဖြစ်တဲ့ ကလိုရိုဖီးလ်ကို ကိုက်စား ထွင်းစားတာမျိုးလုပ်ပါတယ်။ ဆိုတော့ သူတို့စားသွားတဲ့နောက်မှာ ကလိုရိုဖီးလ်းမရှိတော့တဲ့ လမ်းကြောင်းတွေ ဖြစ်လာပြီးတော့ သူတို့ရဲ့ စွန့်ပစ်ခဲ့တဲ့ မစင်အမဲတုံးလေးတွေပဲကျန်ခဲ့ပါတယ်။ တွန့်လိမ်ကောက်ကွေးနေတဲ့ လမ်းကြောင်းလေးတွေဖြစ်နေသလိုမျိုး၊ မဟုတ်ရင် အကွက်လိုက်မျိုးတွေဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေကျတော့ လက္ခဏာ (၂)မျိုးလုံး တွေ့ရမှာဖြစ်ပါတယ်။

ဘယ်သူတွေမှန်ကြလဲနော် ပြောပြပေးသွားကြပါဦးရှင့် 😊

အခုလိုဗဟုသုတကို မင်မင်ဘယ်က သိလဲဆို အစိမ်းရောင်လမ်းက ဆောင်းပါးတွေ ဖတ်ကြည့်ရင်းနဲ့ သိတာပါရှင့်

ဗဟုသုတရဖွယ်ဆောင်းပါးတွေ ဖတ်ရှုဖို့ ဘာမှမလိုပါဘူး အစိမ်းရောင်လမ်းဆော့ဝဲလေးပါ လိုတာပါ.. 👉📲


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်