အစိမ်းရောင်လမ်းရဲ့ ဉာဏ်စမ်းအစီအစဉ်

06/03/2024 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒီတစ်ပတ်အတွက် ဥာဏ်စမ်းလေးလာပါပြီရှင့် 📢

ဦးကြီးတို့ရဲ့ စပါးခင်းတွေမှာကော အပင်အမြစ်တွေ ဒီလိုပုံစံမျိုးဖြစ်နေကြတာ ကြုံဖူးကြလား

သူကအမြစ်မှာ ချိတ်ဖု ပုံစံဖြစ်နေပြီး မြေပေါ်ပိုင်း လက္ခဏာအနေနဲ့ 

🌿 ပျိုးပင်များ ကြီးထွားမှု ရပ်တန့်သွားတာ

🌿 အရွက်များ အဝါရောင်ပြောင်းသွားတာ အရောင်ဖျော့ပြီး အကွက်လိုက် အကွက်လိုက်ဖြစ်သွားတာမျိုး ဖြစ်ပေါ်တတ်ပါတယ်။

ဆိုတော့ ဒါဟာဘယ်သူ့လက်ချက်လဲ

ဘယ်သူတွေသိကြလဲရှင့် 

သိရင်တော့ တခြားသူတွေပါ သိသွားအောင် ကောမန့်မှာ ဖြေပေးသွားကြပါဦးနော် 😁

အဖြေမှန်လေးကိုတော့ သောကြာနေ့မှာ ဖော်ပြသွားပါ့မယ်


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်