အစိမ်းရောင်လမ်းရဲ့ ဉာဏ်စမ်းအစီအစဉ်

09/10/2024 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒီတစ်ပတ်အတွက် ဥာဏ်စမ်းလေးလာပါပြီရှင့်

စိုက်ပျိုးပင်တွေကို ပိုမိုစိမ်းလန်းစေပြီး ပန်းပွင့်အားကောင်းစေသော အစွမ်းများရှိတဲ့ ဆားခါးအကြောင်းကို အစိမ်းရောင်လမ်းက မိတ်ဆွေတို့သိကြရဲ့လား?

ဆားခါးဟာ  မျိုးစေ့အညှောက်ပေါက်ခြင်းဖြစ်စဉ်ကို ကူညီပေးခြင်း၊ အပင်ဆဲလ်များကို သန်စွမ်းစေခြင်း၊ အပင်အစာချက်လုပ်တဲ့နေရာ အဓိကလိုအပ်တဲ့ စိမ်းရောင်ခြယ်ပစ္စည်း ကလိုရိုဖီးလ်ကို ပိုထုတ်လုပ်ပေးခြင်းနဲ့ အပွင့်အသီးကို အားကောင်းစေခြင်းစတဲ့ အကျိုးကျေးဇူများစွာ ဖြစ်စေပါတယ်။ 

ဆိုတော့ ဘာဓာတ်တွေပါဝင်နေလို့ပါလိမ့်နော်

 

အစိမ်းရောင်လမ်းက မိတ်ဆွေတို့သိကြလားရှင့် .. သိတယ်ဆိုရင် တခြားသူတွေပါ ဗဟုသုတရအောင် ဖြေပေးသွားကြပါဦးနော်

အဖြေမှန်လေးကိုတော့ အစိမ်းရောင်လမ်းက သောကြာနေ့မှာ ဖော်ပြသွားပါ့မယ်

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်