လျှပ်စစ်မလို ရေခဲသေတ္တာပြုလုပ်နည်း

25/06/2021 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    ဒီနည်းလမ်းလေးကတော့ အကြောင်းကိစ္စတစ်စုံတစ်ရာကြောင့် လျှပ်စစ်မရှိတဲ့နေရာရောက်သွားခဲ့ရင် အသုံးပြုလို့ရမှာပါ။ စားနပ်ရိက္ခာတွေ သိုလှောင်တဲ့နေရာမှာ ၁၀ စင်တီဂရိတ်နားအထိ လျော့ချနိုင်မယ်ဆိုရုင်တော့ ပိုမိုတာရှည်ခံမှာဖြစ်ပါတယ်။ ပုပ်သိုးပျက်စီးလွယ်တဲ့ ဟင်းသီးဟင်းရွက်တွေအတွက် လျှပ်စစ်မလို ရေခဲသေတ္တာလုပ်နည်းလေး မျှဝေလိုက်ရပါတယ် ။

လိုအပ်သော ပစ္စည်းများ 

စက္ကူဂျပ်ဖာ  ၁ လုံး

ပလတ်စတစ်စ

မြေအိုး တစ်လုံးနှင့် အဖုံး

သဲ 

ရေ

ဂုံနီ အိတ် ၄ လုံး (ဂျပ်စက္ကုပုံး အရွယ်အစားအလိုက် လိုအပ်)

ဖော့ပြား ၄ ချပ် 

ပြုလုပ်နည်း 

၁။ စက္ကူပုံးထဲကို ပလတ်စတစ်စ အရင်ခံပါ။ နံရံတွေအထိပါ ရနိုင်သမျှကပ်ပါ။

၂။ ဒုတိယအလွှာအနေဖြင့် ဖော့ပြားများကို စက္ကူပုံး၏အောက်ခြေနှင့် နံရံလေးဘက်ကို ကပ်ပါ ။

၃။ ဂုန်နီအိတ်ကိုလည်း ထိုနည်းအတိုင်း ဖြန့်ခင်းပါ။ ဂုန်နီအိပ်မရှိပါက ချည်စောင်ကဲ့သို့ ပုဆိုးစုတ်ကဲ့သို့ ရေထိန်းသောအဝတ်စများ အသုံးပြုနိုင်ပါသည်။

၄။ ထို့နောက် ပုံးထဲသို့ သဲထည့်ပါ။ မြေအိုးတည်၍ရလောက်သည့် အထူအထိထည့်ပါ ။(အပြည့်မထည့်ရသေး)

၅။ သဲခင်းထားသောအပေါ်သို့ မြေအိုးတစ်လုံးတင်လိုက်ပါ။

၆။ အိုး၏နှုတ်ခမ်းမှစ၍ ဂုန်နီအိတ်ရေစိုဖြင့် ပတ်ပါ။

၇။ အိုးလည်ရစ်နားအထိ သဲများ ထပ်ဖြည့်ပါ။ ရေအနည်းငယ် ဖြန်းပေးပါ။ သဲရော ဂုန်နီအိတ်ပါ ရေစိုနေပါစေ။

၈။ ပုံးပြည့်ခါနီးအထိ သဲအပေါ်တွင် ဂုန်နီအိပ်များထပ်ဖြည့်ပါ။ ရေစွတ်ပါ။

၉။ မိမိသိမ်းဆည်းချင်သော ဟင်းသီးဟင်းရွက်များအား ထည့်သွင်းသိမ်းဆည်းပြီးသည့်အခါ မြေအိုးကို အဖုံးပြန်ဖုံးပါ ။ စက္ကူပုံးအဖုံးကိုလည်း ပြန်ဖုံးပြီး သိမ်းဆည်းပါ။

    လျှပ်စစ်မလို ရေခဲသေတ္တာတစ်လုံးကို ရရှိမည်ဖြစ်ပါသည်။ ပုပ်သိုးလွယ်‌သော ဟင်းသီးဟင်းရွက်များကို ဤနည်းဖြင့် သိမ်းဆည်းနိုင်ပါပြီ။ မြေအိုးဘေးမှ သဲနှင့် ဂုန်နီအိတ်များ ရေခြောက်မသွားစေရန် ဂရုစိုက်ပါ။

    မြေအိုးထဲက အပူချိန်သည် ၁၀ ဒီဂရီစင်တီဂရိတ်ပတ်ဝန်းကျင်တွင် ရှိမည်ဖြစ်ပါသည်။

    ပမာဏအများ သိုလှောင်ချင်ပါက အုတ်နီခဲနှင့် သဲများသုံး၍ အရွယ်အစားပိုမိုကြီးမားသော လျှပ်စစ်မလိုရေခဲသေတ္တာကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

Source - https://www.youtube.com/watch?v=pFWVs7jG25g


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်