မြန်မာ့ထောပတ်သီးကို တရုတ်ကိုတရားဝင်တင်ပို့ရောင်းချနိုင်ရန် တောင်းဆိုခဲ့

19/12/2019 14:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့ထောပတ်သီးကို တရုတ်နိုင်ငံဈေးကွက်ကို တရားဝင်တင်ပို့ရောင်းချနိုင်ရန်အတွက် ဒုတိယသမ္မတ(၁)နဲ့ လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲမှာ တောင်းဆိုးခဲ့ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း(ပြင်ဦးလွင်)မှ သိရပါ တယ်။

တရုတ်ဘက်မှ ထုတ်လုပ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ  စိုက်ပျိုးထုတ်လုပ်ပြီး တရားဝင်တင်ပို့ရောင်းချနိုင်ဖို့အတွက် ဒီဇင်ဘာလ (၈)ရက်နေ့တွေ့ဆုံပွဲမှာ တောင်းဆိုခဲ့တယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (ပြင်ဦးလွင်)မှ ဥက္ကဌ ဦးမျိုးညွှန့်ကပြောပါတယ်။

ထောပတ်သီးကိုလည်း တရားဝင်ရောင်းချပေးနိုင်ဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ သူတို့ဘက်ကထုတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ညီအောင်လို့ စိုက်ပျိုးထုတ်လုပ်ဖို့ လိုအပ်ပါသေးတယ်ဗျ။ သူတို့ဆီမှာမရှိတဲ့ ပိုးမွှားတွေရှိခဲ့ရင် တင်သွင်းခွင့်မပြုဘူး

အခုလက်ရှိအချိန်မှာ ထောပတ်သီးကို ထိုင်းနိုင်ငံကို နယ်စပ်ကနေမှတစ်ဆင့် တင်ပို့နေသော်လည်း ဈေးနှုန်းရရှိမှုနည်းပါးလျက်ရှိကြောင်းလည်း သိရပါတယ်။

လာမယ့်နှစ်မှာ မြန်မာ့ထောပတ်သီးကို တရုတ်ပြည်ကို တင်ပို့နိုင်ရန်အတွက် တရုတ်နိုင်ငံနဲ့ ဆွေးနွေးညှိနှိုင်းပေးဖို့အတွက် တောင်းဆိုခဲ့တာဖြစ်ကြောင်း နိုင်ငံတော်ဒုတိယသမ္မတ (၁) နှင့် ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ (၃၁) ကြိမ်မြောက်အစည်းအဝေး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်