စားသုံးမှုစိတ်ချရတဲ့ ဟင်းသီးဟင်းရွက်များကို ရာသီမရွေးစိုက်ပျိုးနိုင်ရန် သုတေသနဆောင်ရွက်နေ

29/01/2020 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စားသုံးမှုစိတ်ချရတဲ့ ဟင်းသီးဟင်းရွက်များကို တစ်နှစ်ပတ်လုံးရာသီမရွေးစိုက်ပျိုးနိုင်ရန် သုတေသနစီစဉ်ဆောင်ရွက်နေတာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။

တောင်သူများ တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ဖို့အတွက် အမိုးအကာနဲ့စိုက်ပျိုးတဲ့ နည်းပညာသုတေသနကို ဖော်ဆောင်နေတာဖြစ်တယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦးကပြောပါတယ်။

အခုက တစ်နှစ်ပတ်လုံး တောင်သူတွေ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးနိုင်ဖို့အတွက် အမိုးအကာနဲ့ စိုက်ပျိုးတဲ့ နည်းပညာသုတေသနကို ဆောင်ရွက်နေတာပါ။ နောက်ထပ်လည်း ဟင်းသီးဟင်းရွက်ဖြစ်ထွန်းမှုများတဲ့ နေရာတွေမှာ ဆက်လက်ပြီး သုတေသနဆောင်ရွက်သွားဖို့ ရှိပါတယ်

သုတေသနတွေ့ရှိချက်များအရ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးဖြစ်ထွန်းမှုအများဆုံးဒေသများဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့မှာရှိတဲ့ တာယောစိုက်ပျိုးရေးသုတေသနခြံနဲ့ တနင်္သာရီတိုင်းဒေသကြီး ထားဝယ် (၇)မိုင် စိုက်ပျိုးရေးသုတေသနခြံများမှာ ဆက်လက်သုတေသနဖော်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ 

အဆိုပါသုတေသနကို ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ သုတေသနပြုဆောင်ရွက်နေတာဖြစ်ပြီး ကိုရီးယားအပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု စီမံကိန်းအဖွဲ့ နဲ့ပူးပေါင်းဆောင်ရွက်တာ ဖြစ်ကြောင်းလည်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်