မြန်မာ့ဖရဲ၊ သခွားများကို တင်ဆောင်လာသော ကုန်တင်ကားများအနေနဲ့ နယ်စပ်ဖြတ်ကျော်ရာမှာ ဧပြီလ(၈)ရက်နေ့မှစတင်ပြီး သတ်မှတ်ထားတဲ့ အစားထိုးယာဉ်မောင်းများကိုသာ မောင်းဝင်ခွင့်ပြုမှာဖြစ်ကြောင်း သစ်သီးဝလံကုန်စည်ဒိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တရုတ်နိုင်ငံဘက်မှ Covid – 19 ရောဂါထိန်းချုပ်ရေးစီမံချက်အရ လုပ်ဆောင်တာဖြစ်ကြောင်း အဆိုပါကုန်စည်ဒိုင်မှ သိရပါတယ်။
ဧပြီလ(၈)ရက်နေ့မှစတင်ပြီး မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ စီစဉ်ထားတဲ့ အစားထိုးယာဉ်မောင်းနဲ့ မောင်းဝင်ရမှာဖြစ်ပြီး အဆိုပါယာဉ်မောင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာရပ်များကို မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ တာဝန်ယူဖြေရှင်းပေးသွားမှာဖြစ်ကြောင်းလည်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်၊ သစ်သီးဝလံကုန်စည်ဒိုင်ရဲ့ထုတ်ပြန်ကြေညာချက်အရသိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more
Greenovator