၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် ၉ လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ သန်းကျော်တင်ပို့ထား

28/01/2026 10:16 AM တွင် AMIA AMIA မှ ရေးသား

 ဆန်တင်ပို့ရောင်းချသည့် နိုင်ငံများမှ သိုလှောင်ဆန်များထုတ်ရောင်းရန် စီစဉ်နေချိန် မြန်မာနိုင်ငံက ယခုဘဏ္ဍာနှစ် ၉ လအတွင်း ပြည်ပသို့ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂.၁ သန်းကျော်‌ တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) မှ သတင်းရရှိသည်။

ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၅၀,၀၀၀ ကျော်ပိုများပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ သန်းကျော်သာ တင်ပို့နိုင်ခဲ့သည်။ ထို့အပြင် ၀င်ငွေရရှိမှုသည်လည်း ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာသန်း ၄၀ နီးပါးတိုးလာသည်ဟု သိရသည်။

ပြီးခဲ့သည်ဘဏ္ဍာနှစ် (၂၀၂၄-၂၅) ဧပြီမှ ဒီဇင်ဘာလအထိ  ဆန်နှင့် ဆန်ကွဲပြည်ပတင်ပို့မှုမှ ဒေါ်လာ ၆၃၆ သန်းရရှိပြီး ယခုဘဏ္ဍာနှစ်တွင်ဒေါ် လာ  ၆၇၅ သန်း ရရှိထားသည်။

မြန်မာနိုင်ငံ၏ ပွင့်လင်းရာသီဖြစ်သော အောင်တိုဘာမှ ဒီဇင်ဘာလအတွင်းတစ်လ ပြည်ပသို့ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်းခွဲကျော်မှ ၃ သိန်းကျော်အထိတင်ပို့နိုင်ခဲ့သည်။

ပွင့်လင်းရာသီတွင် နိုင်ငံတကာဈေးကွက်၌ မြန်မာ့ဆန် FOB (free on board) ဈေးသည် ဆန်ဖြူ ၅ မှတ် (အကျိုးအကြေ ၅ ရာခိုင်နှုန်း)ကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၇ အထိဈေး ရရှိလာခဲ့သည်။

အဆိုပါဈေးနှုန်းသည် မြန်မာနိုင်ငံ၏ မိုးစပါးပေါ်ချိန် အောက်တိုဘာလနှင့် နှိုင်းယှဉ်လျှင် ဆန်တစ်တန်၏ တန်ဖိုး ၃ ရာခိုင်နှုန်း၀န်းကျင်မြင့်တက်ခဲ့သည်။ အောက်တိုဘာတွင် မြန်မာဆန်ဖြူ ၅ မှတ် တစ်တန်ဒေါ်လာ ၃၂၆ ၀န်းကျင် ဈေးဖွင့်ခဲ့သည်။

"ပြည်ပတင်ပို့တာတွေရှိပေမဲ့ ပြည်တွင်းဈေးကတော့သိပ်မပေါဘူး၊ exportဆန်ဈေးက ငြိမ်နေတယ် "ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။

လက်ရှိပြည်ပတင်ပို့နေသည့် ဆန်ကြမ်း ၁၀ မှတ် (အကျိုးအ‌ကြေ ၁၀%) က ပြည်တွင်းဈေးကွက်တွင် တစ်အိတ်လျှင် ကျပ်၅၂,၀၀၀ မှ ၅၃,၀၀၀အကြား၊ ၂၅ မှတ် (၂၅%) တစ်အိတ်လျှင် ကျပ် ၄၉,၅၀၀ မှ ၅၀,၅၀၀ ကျပ်ဈေးဖွင့်သည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်