စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
စပါးခွံပေါင်းခံရည် ပြုလုပ်နည်းကို သိလိုပါသည်။
ဝါးပိုးဝါးတစ်လုံး (၁၅) ပေ အနည်းဆုံးရှည်ရမည်။ သံပုံး (၁) ပုံး၊ သံပိုက် (၃) လက်မ (၃)ပေ၊ စပါးခွံ (၁၀) အိတ်။ ဝါးပိုးဝါးကို (၁၅)ပေ အနည်းဆုံးထား၍ ဖြတ်ပါ။ အဆစ်ပိတ်များအား ရှင်းထုတ်ပါ။ အဆစ်အဖုံးများ ပြန်ပိတ်ပါ။ အဆစ်အဖုံးများကို စန်တကျပြန်ဖုံးရန်လိုအပ်ပြီး အဆစ်အတွင်းပိုင်း ရှင်းလင်းချောမွေ့ရန် လိုအပ်ပါသည်၊ သံပုံးနှင့် ဆက်စပ်အသုံးပြုရန် (၃) လက်မ သံပိုက်ကို အငွေ့ထွက်ရန် အပေါက်ပါဝါးဆစ်ငယ်ဖြင့် ဆက်ပါ။
မီးဖိုသံပုံးနှင့် အငွေ့ထွက်သံပိုက် ဆက်စပ်ပုံ
မီးမွှေးပြီး သံပုံးဖြင့်အုပ်ထားပါ။ သံပိုက်မှ အငွေ့ထွက်အဆင်ပြေစေရန် သေချာတပ်ဆင်ပါ။ လေလာရာတစ်ဖက်ကို ချန်လှပ်ထားပြီး စပါးခွံဖုံးပါ။ အချိန်အနည်းငယ်ကြာလျှင် ပတ်ပတ်လည်အကုန် စပါးခွံ (၅)အိတ်ခန့်ဖုံးပါ။ အရည်ထွက်ပေါက်မှ အရည်ခံရာတွင် ငှက်ပျောဖက်အသုံးပြု၍ အရည်ခံယူပါ။ အရည်ထွက်ပေါက်မှ စပါးခွံပေါင်းခံရည် တစ်စက်ချင်းထွက်၍ (၁၂) နာရီအတွင်း (၁)ဂါလံမှ (၁) ဂါလံခွဲအထိထွက်သည်။ သံပုံးဘေးပေါက်ဖောက်ရာတွင် (၁) လက်မခွဲခြား (၁) လက်မခွဲအရှည် အထက်အောက် (၄) ပေါက်ဖောက်ပါ။
အကျိုးကျေးဇူး
အပင်အားဆေး၊ ပိုးကာကွယ်ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။
ရည်ညွှန်း: စပါးခွံပေါင်းခံရည်ထုပစ္စည်းပြုလုပ်ပုံ၊ ပေါင်းခံရည်ပြုလုပ်ခြင်း၊
အသုံးပြုပုံ - ပါဝင်သောအာဟာရဓာတ်များ၊ သတိပြုရန်အချက်များ (Ref: ဒေါက်တာမြင့်လွင် ဩဂဲနစ်တောင်သူလက်စွဲ
စိုက်ပျိုးရေးဦးစီးဌာန - Call center
စပါးခွံပေါင်းခံရည် ပြုလုပ်နည်းအသေးစိတ်ကို ပုံနှင့်တကွလေ့လာရန်
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် အပင်အားဆေးများ
zaw
လွန်ခဲ့သော ၁ နှစ် ကစပါးခွံပေါင်းခံအရည်ဟာ သီးပင်စားပင်တွေအတွက်ဘာတွေကောင်းပါသလဲ ဆေးဖြန်းပုံး၁ပုံးကို ဆေးမည်မျှထည့် အသုံးပြု့ရပါသလဲ
Dwe Aung
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ
ဦးသာထွေး
လွန်ခဲ့သော ၄ နှစ် ကဦးသာထွေး
ဆက်စပ်မေးခွန်းများ
စပါးပင် တချို့နေရာတေမှာ အပင်ဖျားတေဝါ ပါတယ် ဘာလိုအပ်နေတာပါလဲ
Zar Chi • ဖြေကြားချက် 4 ခု
စပါးပင်တေွဝါတာ နောက်ချေး4တင်းရယ် မြေဆီရယ် ထုံးရယ်နှပ်ပီ ေကျွးရင်အဆင်ပြေလားရှင့် ဘနှရက်နှပ်ထားရလဲ နှပ်နီးလေးရောပြောပေးပါဦး စပါးပင်ကရောဘာဖစ်တာလဲပြောပေးပါဦး
Theint Theint Nway • ဖြေကြားချက် 2 ခု
ခရမ်းချဥ်အတွက်မြေခံမှာတီစူပါနဲ့DAPဘယ်ဟာထည့်ရင်ကောင်းလဲDAPထည့်ရင်Nဓာတ်ကအပင်မစားသုံးနိုင်ခင်မှာဆုံးရှုံးသွားမှာလား
ညီညီ • ဖြေကြားချက် 2 ခု
စပါးခင်းမှာဆန်အသုံးပြုလို့မကောင်းတော့တဲ့ဇကွဲအနုတ်တွေပတ်တာမြင်လို့ကောင်းကျိုးနဲ့ဆိုးကျိုးလေးသိချင်လို့ပါခဗျ
kyaw zin • ဖြေကြားချက် 5 ခု
စပါးကအရွက်ဖျားတွေဝါတာဘာဖစ်လို့ပါလဲ ဘာေးဆဖျနိးရမလဲ
Theint Theint Nway • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၇ -၂၁.၈.၂၀၂၆)
22/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020
စိုက်ပျိုးရေးဦးစီးဌာန Call Center နှင့် Greenway တို့ပူးပေါင်း၍ တောင်သူ ဝန်ဆောင်မှုလုပ်ငန်း တိုးမြှင့်ဆောင်ရွက်မည်
20/08/2020