တစ်လအတွင်း ဆန်၊ ဆီ၊ ကြက်သွန် ဈေးနှုန်းတွေ ဘယ်လောက်ပြောင်းသွားလဲ.. (၁.၂.၂၀၂၂ မှ ၁.၃.၂၀၂၂ အတွင်းဈေးနှုန်းကွာခြားချက်)

01/03/2023 18:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ယခု မတ် ၁ ရက်နေ့အထိ တစ်လအတွင်း ဆန်၊ ဆီ၊ ကြက်သွန်ဈေးနှုန်းတွေ ဘယ်လောက်ထိ ပြောင်းလဲသွားလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ဖေဖော်ဝါရီကနေစပြီး ဆန်သစ်တွေဈေးကွက်ထဲဝင်လာလို့ အခုဈေးနှုန်းတွေက အားလုံးဆန်သစ်ဈေးနှုန်းတွေဖြစ်သွားပါပြီ။ 

ဒီတစ်လအတွင်းမှာ ဆန်ဈေးနှုန်းတွေကတော့  သိသိသာသာသာ တက်သွားခဲ့ပါတယ်။ အနည်းဆုံး ၁၀၀၀ လောက်ကနေ အများဆုံး ၅၀၀၀ လောက်ထိ တက်သွားခဲ့ပါတယ်။ ဆန်ဈေးတွေဟာ အပတ်စဉ်တိုင်းလိုလို ဈေးပြောင်းလဲတက်သွားခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာ ဆန်အချို့ ဈေးအနည်းငယ်ပြန်ကျသွားလို့သာ ကွာဟမှု ပြန်ကျဉ်းမြောင်းသွားတာဖြစ်ပါတယ်။

ဆိုတော့ ဒီလထဲမှာ ဆန်ဈေးတွေဘယ်လောက်တက်သွားလဲဆိုတာတော့ ဇယားကွက်ကနေ နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။ 

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းက ဈေးတွေအတက်ကြမ်းသွားခဲ့တဲ့ ကြက်သွန်နီတွေဟာတော့  ယခုနှစ်ဆန်းပိုင်းမှာတော့ အသစ်တွေဈေးကွက်ထဲအများအပြားဝင်လာမှုနဲ့အတူ အကျဘက်ကို ရောက်လာပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်တုန်းကဆို ဈေးတွေတောင်ဖွင့်ခဲ့ခြင်းမရှိပါဘူး။ ယနေ့ မတ်လအစ အဖွင့်ဈေးမှာဆိုရင်လည်း အကျဈေးတွေနဲ့ပဲ စတင်လာခဲ့ပါတယ်။ ဈေးက ဆက်တိုက်ကို ကျနေတာ ဖြစ်ပါတယ်။

ပြည်တွင်းစားသုံးဆီဈေးမှာတော့ မန္တလေးဈေးကွက်မှာ ပဲဆီရော နှမ်းဆီရော ဈေးတွေငြိမ်နေခဲ့ပါတယ်။ ပြည်ဈေးကွက်မှာတော့ ပဲဆီဈေး ၁၀၀၀ ကျပ်ဝန်းကျင်လောက်တက်လာခဲ့ပါတယ်။

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်