ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ကနေ အောက်တိုဘာလကုန်အကြား တစ်လအတွင်း ဆန်၊ ဆီ၊ ကြက်သွန် ဈေးနှုန်း တွေ ဘယ်လောက်ထိ အပြောင်းအလဲတွေဖြစ်သွားလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
တစ်လအတွင်းမှာ ဆန်အများစုကတော့ ဈေးအနည်းငယ်ကျသွားခဲ့ပါတယ်။
ဆီဈေးတွေလည်း တချို့ဈေးကွက်တွေမှာ ဈေးအနည်းငယ်စီကျပါတယ်။ ကြက်သွန်ဖြူတွေကတော့ အမျိုးအစားအလိုက် အတက်အကျ အနည်းငယ်စီသာရှိခဲ့ပြီး ကြက်သွန်နီဈေးနှုန်းတွေကတော့ သိသိသာသာကို ပြန်တက်လာခဲ့တာ ဖြစ်ပါတယ်။


(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။