တစ်လအတွင်း ဆန်၊ ဆီ၊ ကြက်သွန် ဈေးနှုန်းအပြောင်းအလဲများ

04/04/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၃.၃.၂၀၂၃ မှ ၃.၄.၂၀၂၃ အတွင်းဈေးနှုန်းကွာခြားချက်

ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့ကနေ ယခု ဧပြီ ၃ ရက်နေ့အထိ တစ်လအတွင်း ဆန်၊ ဆီ၊ ကြက်သွန်ဈေးနှုန်းတွေ ဘယ်လောက်ထိ ပြောင်းလဲသွားလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ဒီတစ်လအတွင်းမှာ ဆန်ဈေးနှုန်းတွေကတော့  ၂၀၀၀ ကနေ ၅၀၀၀ အမြင့်ဆုံးထိ တက်သွားခဲ့ပါတယ်။ အမျိုးအစားတော်တော်များများမှာ တက်သွားခဲ့တာဆိုပေမဲ့ တောင်ပျံ(မော်ကျွန်း) ကတော့ (၇၅၀၀၀ -၇၇၀၀၀) ကနေ (၇၃၀၀၀ - ၇၄၀၀၀) ဆိုပြီးဈေးကျသွားခဲ့ပါတယ်။ ဒီလထဲမှာ တခြား ဆန်ဈေးတွေဘယ်လောက်တက်သွားလဲဆိုတာတော့ ဇယားကွက်ကနေ နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။

 

နှစ်ကုန်ပိုင်းက ဈေးတွေအတက်ကြမ်းခဲ့ပြီး မတ်လမှာ အကျဈေးနဲ့ ဖွင့်ခဲ့တဲ့ ကြက်သွန်နီဟာ ဧပြီလမှာလည်း အကျမရပ်သွားဘဲ ဆက်ကျနေဆဲဖြစ်ပါတယ်။

ကြက်သွန်ဖြူဈေးတွေမှာတော့ ကြူကုတ်(ရှယ်) ကလွဲလို့ ကျန်အမျိုးအစားတွေ သိသိသာသာကို ဈေးကျဆင်းသွားတာတွေ့ရပါတယ်။

ပြည်တွင်းစားသုံးဆီဈေးတွေမှာတော့ မန္တလေးရော ပြည်ဈေးကွက်မှာပါ ပဲဆီ, နှမ်းဆီဈေးတွေက မတ်လဈေးနဲ့အတူတူပဲဖြစ်ကာ ဈေးငြိမ်နေပါတယ်။ 

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်