COVID-19 ပထမလှိုင်းကာလအတွင်း ဆန်စပါးဈေးကွက် မျှော်မှန်းထားသည်ထက် ထိခိုက်နစ်နာမှုနည်းပါးခဲ့

01/09/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    COVID-19 ပထမလှိုင်းကာလအတွင်း ဆန်စပါးဈေးကွက်အခြေအနေမှာ မျှော်မှန်းထားသည်ထက် ကြီးကြီးမားမား ထိခိုက်နစ်နာမှုမျိုး မရှိသလောက် နည်းပါးခဲ့ကြောင်း ဆန်စက်များနှင့် ကိုယ်တိုင်စိုက်ပျိုးသည့် တောင်သူများထံမှ သိရသည်။

COVID-19 ပထမလှိုင်းဖြစ်တဲ့ ကာလမှာတုန်းက ဆန်စပါးမပြတ်လပ်ရအောင်နဲ့ ဈေးနှုန်းကွာဟမှုမများရအောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ထိန်းထားခဲ့ကြပါတယ်။ နိုင်ငံတော်ဘက်အပိုင်းကရော၊ ဆန်စက်တွေ၊ ကုန်သည်တွေအားလုံးပါ တကယ်လူညီခဲ့ကြပါတယ်။ ကိုယ့်မှာရှိတဲ့ စပါးတွေကို ဈေးတက်အောင် တမင်လှောင်ထားတာမျိုး မလုပ်ခဲ့ကြဘူး။ ဈေးကစားတဲ့လူ မရှိပါဘူး။ ရှိသမျှစပါးကို အကုန်ကြိတ်ခွဲ ထုတ်ရောင်းချပေးခဲ့ပါတယ်။ ဒါ့ကြောင့် ကြီးကြီးကျယ်ကျယ် ဈေးကွက်ပျက်တာမျိုး မရှိလိုက်ပါဘူးခင်ဗျာ။

ဟု စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ အောင်ဇမ္ဗူဆန်စက်လုပ်ငန်းမှ စီမံအုပ်ချုပ်သူ ဦးအောင်ကြည်စိုး က ပြောသည်။

    မိုးစပါးအသစ်ပေါ်ချိန်တွင် စပါးစိုက်ပျိုးသည့် တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသောဈေးကွက်နှင့် ဈေးနှုန်းရရှိရေးအတွက် နိုင်ငံတော်မှ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို စပါးတင်း (၁၀၀) လျှင် ကျပ် (၅၂၀,၀၀၀)ဈေး သတ်မှတ်ထားပြီး၊ ထိုသတ်မှတ်ချက်ကို ပုဂ္ဂလိကကဏ္ဍမှ စက်ပိုင်၊ ကုန်သည်များလည်း လိုက်နာကြရမည်ဖြစ်ကြောင်း သိရသည်။ 

COVID ရှိနေပေမယ့် စပါးဈေးက ငြိမ်တယ်။ ဖုန်၊ သဲ၊ ခဲ မပါဘဲ အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိတဲ့ စပါးအသန့်ဈေးကို အစိုးရက တင်းတစ်ရာကို ငါးသိန်းနှစ်သောင်း သတ်မှတ်ပေးတယ်။ ဒီလိုသတ်မှတ်လိုက်တော့ ပွဲစားက ဈေးတအားနှိမ်လို့ မရဘူး။ အရင်ထက်စာရင် ဈေးကွက်တော်တော်လေးကို ငြိမ်သွားတာပေါ့။ ဒီဘက်မှာက စက်နဲ့ရိတ်တာဆိုတော့ အစိုဓာတ်က ၁၈ ရာခိုင်နှုန်းလောက်ပါတယ်။ ဒါ့ကြောင့် စပါးဈေးက အစိုးရသတ်မှတ်အတိုင်းတော့ မဟုတ်ဘူးပေါ့။ ဈေးက ငါးသိန်းနှစ်သောင်းနဲ့ ငါးသိန်းခွဲကြားတော့ ရတယ်။ ဒါပေမဲ့ အစိုးရကသတ်မှတ်တာ တင်းတစ်ရာကို ၄၆ ပေါင်ဆိုရင် ကျွန်တော်တို့က ၅၅ ပေါင် ပေးရတယ်။ အစိုဓာတ်များလို့ စပါးပိုပေးရတာပါ။ ဈေးတက်တာကိုစောင့်ပြီး တမင်လှောင်တာမျိုးတော့ လုံးဝမလုပ်ဘူး။ ပုံမှန်လေးအတိုင်း ရောင်းဝယ်နေပါတယ်။

ဟု ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ စက္ကော့ကျေးရွာက စပါးစိုက်တောင်သူ ကိုဝေလင်းက ပြောသည်။

    COVID-19 ကာလဖြစ်သော်လည်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရောင်းချမှုသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာသန်း ၁၀၀ ကျော်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

    ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအထိ ဘဏ္ဍာနှစ် (၁၀) လအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၃ သန်းကျော် တင်ပို့ထားပြီး ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း (၇၀၀) ခန့်ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်ထားသည်။

 ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်