စမ်းသပ်အောင်မြင်ခဲ့သော ငါးမြစ်ချင်း ၃ လခြားမွေးမြူနည်း

01/09/2021 13:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

    ငါးမြစ်ချင်း (ခေါ်) ငါးမျက်ဆံနီငါးသည် မြန်မာနိုင်ငံရှိ မွေးမြူရေးငါးအမျိုးမျိုးအနက် အကောင်းဆုံးငါးဖြစ်၍ ပုံမှန်ကြီးထွားနှုန်းနှင့် ပုံမှန်ဈေးနှုန်းကောင်းမွန်ခြင်းတို့ ရှိကြသည်။

    ရေချိုမြစ်ငါးဖြစ်၍ ရေချိုငါးမွေးမြူရေးကန်တွင် အထူးအောင်မြင်စွာ မွေးမြူနိုင်သည်။ အနည်းငယ်ငန်သည့် ရေငန်စပ်တွင်လည်း ကျင်လည်ကျက်စားနိုင်သည်။ ရေချိုငါးဖြစ်သော ငါးမြစ်ချင်းငါးမှာ ရိုးရိုးကန်ထဲတွင် သားမပေါက်တတ်ချေ။ ငါးသန်များကို မြစ်များမှစုဆောင်းပြီး အဝေးသို့ မွေးမြူရန် သယ်ယူနိုင်သည်။ ဇွန်လမှ စက်တင်ဘာလအတွင်း ငါးမြစ်ချင်းအမများမှ ဥ,ဥချတတ်သည်။

    ငါးမှုန်လေးများမှာ ရေမှော်နှင့် မျှောလှေးများကို စားသုံးကြသည်။ သစ်ရွက်ပုပ်များအကြားသို့ တိုးဝင်၍လည်း စားသုံးကြသည်။

    ငါးမြစ်ချင်းငါးမျိုးမှာ ရေလယ်လွှာတွင်ကျက်စားတတ်သော ငါးမျိုးဖြစ်သဖြင့် ရေအောက်လွှာတွင် ကျက်စားတတ်သော ငါးကြင်းနှင့် ရေပေါ်ကျက်စားတတ်သော ငါးခေါင်းပွတို့ကိုပါ ရောစပ်ပြီး တစ်ကန်တည်းမွေးမြူနိုင်ပါသည်။ သုံးနှစ်ကြာလျှင် အကြီးဆုံးအရွယ်သို့ ရောက်ပါသည်။

သားပေါက်ခြင်း

    ငါးမြစ်ချင်းငါးသည် အခြားသောငါးများကဲ့သို့ အလွယ်တကူ ဥလေ့မရှိဘဲ နေရာနှင့်ရာသီဥတုကို အသေအချာရွေးချယ်ပြီး စိတ်ကြိုက်တွေ့မှသာ ဥများကို ဥလေ့ရှိ၏။ 

    ငါးဥကလေးများကို ဥချနေစဉ် ငါးထီးက မျိုးရည်ကို ပက်ဖျန်းပေးသည်။ တစ်ကြိမ်ဥလျှင် ဥပေါင်းသိန်းသောင်းရှိကြသည်။ အောင်မြင်သောငါးဥကလေးများသည် ရေပေါ်တွင် ပေါ်၍မနေဘဲ ရေပြင်အောက် (၄) လက်မမှ (၆) လက်မခန့်တွင်မြုပ်၍ ရေစီးအတိုင်း မျောပါနေတတ်သည်။ (၁၆) နာရီမှ (၂၁) နာရီအတွင်း ငါးလောင်းကလေးများ ဖြစ်လာသည်။ ထိုငါးလောင်းလေးများမှာ သေးငယ်လွန်းကြပြီး လက်ဖက်ရည်ကြမ်းပန်းကန်လုံးတစ်ခွက်လျှင် ကောင်ရေတစ်သောင်းမှ နှစ်သောင်းအထိ ရှိတတ်သည်။ ငါးလောင်းလေးများ လက်သန်းခန့်အရွယ်ရှိသောအခါမှ မွေးမြူရေးကန်သို့ ပြောင်းရွှေ့မွေးမြူကြလေသည်။

    ငါးမြစ်ချင်းမွေးမြူနည်းများထဲမှ ငါးလုပ်ငန်းဦးစီးဌာနမှ စမ်းသပ်အောင်မြင်ခဲ့သော "ငါးမြစ်ချင်း သုံးလခြားမွေးမြူနည်း" အကြောင်းကို တင်ပြပေးပါမည်။

ငါးမြစ်ချင်း သုံးလခြား မွေးမြူနည်း

    အစဉ်တစိုက်မွေးမြူခြင်းထက် ပိုမိုတွက်ခြေကိုက်သောနည်းဖြစ်ပါသည်။

    တစ်ဧကခန့်ရှိသောကန် (အလျား ၄၀၀ ပေ၊ အနံ ၁၀၀ ပေ) တွင် ရိုးရိုးနည်းဖြင့် မွေးမြူပါက တစ်နှစ်ပြည့်လျှင် ငါးပိဿာချိန် (၁၈၀၀) ကျော်မျှသာ ရရှိပါမည်။ သုံးလခြားမွေးမြူနည်းစနစ်ဖြင့် မွေးမြူပါက ထိုထက်မက ပိဿာချိန် ပိုမိုရရှိနိုင်ပါသည်။

    ထို့ပြင် ငါးများ၏ မွေးမြူကျွေးမွေးစရိတ်မှာလည်း (၃) လခြားတစ်ကြိမ် ငါးများရောင်းရ၍ ငွေပေါ် နေသဖြင့် ငါးစာဖြစ်သော ဖွဲနု၊ နှမ်းဖတ်၊ ပဲဖတ်များကို လွယ်ယူစွာ ဝယ်ယူနိုင်ပါသည်။

မွေးမြူပုံ

    ငါးမြစ်ချင်း သုံးလခြားမွေးမြူလျှင် ငါးမြစ်ချင်း ငါးသားပေါက်တစ်မျိုးတည်းသာ ကန်ထဲမှာ ထည့် မွေးရပါမည်။

ကန်အကျယ်အဝန်း

    တစ်ဧကအကျယ်ရှိသော အလျား (၄၀၀) ပေ၊ အနံ (၁၀၀) ပေရှိသော မွေးမြူရေးကန်တွင် မွေးမြူရပါမည်။

ငါးသား‌ပေါက်ထည့်သွင်းနှုန်း

    အလျား (၄၀၀) ပေ၊ အနံ (၁၀၀) ပေရှိသော တစ်ဧကကန်တွင် ငါးသားပေါက်ကောင်ရေ ၂၀၀၀၀ (နှစ်သောင်း) ထည့်၍ မွေးပါ။ ငါးသားပေါက်မထည့်မီ ကန်ရေကို စိမ်းနေအောင် လုပ်ထားရပါမည်။ ငါးထည့်ပြီးသည်နှင့် နေ့စဉ် နံနက် (၇) နာရီမထိုးမီ အစာကျွေးရပါမည်။

အစာကျွေးနှုန်း

    တစ်နေ့လျှင် ဖွဲနုနှင့် နှမ်းဖတ်ရောပြီး (၈) ပိဿာကျွေးပါ။ ရောရမည့်အချိုးအစားမှာ ဖွဲနု (၅) ပိဿာ (၅၀) ကျပ်သားနှင့် နှမ်းဖတ် (၂) ပိဿာ (၅၀) ကျပ်သား ရောစပ်၍ ကျွေးရပါမည်။

    ငါးတစ်ကောင်လျှင် (၁) ကျပ်သားစီရှိသော ကောင်ရေ ၂၀၀၀၀ (နှစ်သောင်း) အတွက် တစ်နေ့လျှင် အစာ (၈) ပိဿာကျွေးရလျှင်(၂) ကျပ်သားရှိသော ကောင်ရေ၂၀၀၀၀ (နှစ်သောင်း) အတွက် တနေ့လျင်ှ အစာ (၁၆) ပိဿာ ကျွေးရပါမည်။

    အထက်ပါ အချိုးအစားအတိုင်း ငါးကြီးလာလျှင်ကြီးသလောက် အစာကို တိုး၍ကျွေးရပါမည်။ သို့သော် ထိုအချိန်အတွင်း (၃) လ (၁) ကြိမ် ငါးများကိုဖမ်း၍ ရောင်းရသဖြင့် မွေးမြူရေကန် အတွင်း၌ကျန်ရှိသော လက်ကျန်ငါးများ၏ အလေးချိန်နှင့် အကောင်အရေအတွက်ကို တွက်ချက်ပြီး ငါးအစာကို ကျွေးသွားရမည်ဖြစ်ပါသည်။

    လိုအပ်သော အစာစိမ်းများ ကျွေးမွေးရန်အတွက်မူ ဘဲစာပင်ကို (၁) လလျှင် (၁) ကြိမ် တင်း (၁) စိတ်လောက်ထည့်ကျွေးရန် လိုအပ်ပါသည်။

    (၃) လ (၁) ကြိမ်ကျ ငါးများကို ဖမ်းပြီး ရောင်းချနေရသဖြင့် အစာဖိုးအတွက် အခက်အခဲရှိနိုင် မည်မဟုတ်ပေ။

    ငါးများကို ပြန်လည်ဖမ်းဆီးမည့် ကာလအပိုင်းအခြား ကောင်ရေနှင့် ငါးထွက်နှုန်းပြဇယားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    အထက်ပါဇယားကို ကြည့်ခြင်းဖြင့် ငါးမြစ်ချင်းတစ်မျိုးတည်းကို (၁) ဧကအကျယ်ရှိ ကန်တွင် တသမတ်တည်း နှစ်လုံးပေါက်မွေးမြူပါက ပိဿာချိန်မျှသာ ရနိုင်မည်။

    (၃) လခြားစနစ်ဖြင့် မွေးမြူပါက ပိဿာချိန် (၃၃၆၀) ရရှိပါမည်။ ကွာခြားချက်အလေးချိန်မှာ ပိဿာချိန် (၁၅၆၀) ဖြစ်ပါသည်။ ထို့ကြောင့် ဖြစ်နိုင်လျှင် ငွေကြေးများစွာမတတ်နိုင်သူများအတွက် စီးပွားရေးတွက်ခြေကိုက်သော ငါးမြစ်ချင်း(၃)လခြား မွေးမြူရေးစနစ်ကို ပိုမိုမွေးမြူသင့်ပါသည်။

    (၁) နှစ်ကြာလျှင် (၅၀) ကျပ်သားစီရှိနေပြီဖြစ်သော ငါးမြစ်ချင်းများကို ဆက်လက်မွေးမြူပါက ငါးပျိုပေါက်များဖြစ်သဖြင့် ကြီးထွားနှုန်းပိုမိုမြန်ကာ ပိဿာကျော်ငါးများ အချိန်မကြာမီ ဖြစ်လာနိုင်ပါသည်။

ရေးသားသူ   -   ပင်လယ်ပြာ(ငါးဦးစီး)

Ref; ငါးမြစ်ချင်းမွေးမြူရေးလမ်းညွှန် (ငါးလုပ်ငန်းဦးစီးဌာန)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်