ရော်ဘာဈေးနှုန်းများ အတက်ဘက်သို့ဆက်တိုက်ဦးတည်နေ၊ ၂၀၂၃ ခုနှစ်အထိ ဈေးကွက်ကောင်းမွန်နိုင်ကြောင်း ကျွမ်းကျင်သူများသုံးသပ်

23/11/2021 20:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ရော်ဘာဈေးနှုန်းများ အတက်ဘက်သို့ ဆက်တိုက်ဦးတည်နေပြီး၊ ၂၀၂၃ ခုနှစ်အထိ ဈေးကွက်ဆက်လက်ကောင်းမွန်နိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများ၏ သုံးသပ်ချက်များအရ သိရသည်။

ရော်ဘာဈေးတွေ ကောင်းနေပါတယ်။ ဈေးတက်နေတာ ဆက်တိုက်ပါပဲ။ ဒီနှစ်ကတော့ နှစ်စမှာကတည်းက ဈေးကောင်းလာတာ။ ရော်ဘာဈေးကွက် ကျွမ်းကျင်သူတွေရဲ့သုံးသပ်ချက်အရ ကမ္ဘာ့ရော်ဘာဈေးကွက်မှာကို ရော်ဘာလိုအပ်ချက် များပြားတဲ့အတွက် ၂၀၂၃ ခုနှစ်လောက်အထိဈေးကောင်းရရှိနိုင်တယ်လို့ သိရတယ်။ ဒါ့ကြောင့် ဒီနှစ်မှာလည်း ရော်ဘာစိုက်ဧကတွေကို ထပ်ပြီး တိုးချဲ့စိုက်ဖို့အတွက် ပြင်ဆင်နေကြပါပြီ။

ဟု ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး/ရွှေကျင်ရွှေပင်စံ ကုမ္ပဏီ၏ ဒါရိုက်တာ ဦးခင်မောင်သက်က ပြောသည်။

    ယခင်နှစ်က မှိုင်းခံရော်ဘာ RSS-3 တစ်ပေါင်လျှင် ၈၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းဝယ်ဖောက်ကားခဲ့ကြပြီး၊ ယခုနှစ်တွင် ရော်ဘာအစေးရည်ဝယ်စျေး စက်ရုံအရောက်ပို့ တစ်ပေါင်လျှင် ၁၀၀၀ ကျပ်၊ မှိုင်းခံပြားအသန့် RSS-3 စက်ရုံအရောက်ပို့ ၁၀၄၀ ကျပ်/၁၀၇၀ ကျပ်၊ နေလွတ် No.3 အဝါအသန့် USS-3 စက်ရုံအရောက်ပို့ တစ်ပေါင်လျှင် ၁၁၀၀ ကျပ်၊ မှိုင်းခံပြား မုဒုံ-၃ RSS-5 ဝယ်စျေး စက်ရုံအရောက်ပို့ ၉၇၀ကျပ်/၁၀၀၀ကျပ်၊ နေလှန်း မုဒုံ-၃ USS-5 (အပါး) ဝယ်စျေး တစ်ပေါင်လျှင် စက်ရုံအရောက်ပို့ ၈၆၀ ကျပ် ဈေးနှုန်းများဖြင့်ရောင်းဝယ်ဖောက်ကားနေကြောင်း ရွှေကျင်ရွှေပင်စံ အဆင်မြင့်မှိုင်းခံရော်ဘာစက်ရုံမှ သိရသည်။ 

ဒီနှစ် နှစ်စလောက်တုန်းကဆိုရင် တစ်ပေါင်ကို ၁၂၀၀ ကျပ်အထိကို ရော်ဘာဈေးတွေတက်သွားခဲ့သေးတာ။ အခု ဈေးနည်းနည်းလေး ပြန်ကျနေတာတောင်မှ အရင်နှစ်ကထက်တော့ ဈေးကောင်းရနေပါသေးတယ်။ ဈေးလုံးဝ ထိုးမဆင်းသွားပါဘူး။ ကိုဗစ်ကာလတစ်လျှောက်မှာလည်း ကျွန်တော်တို့ရော်ဘာက ဈေးကွက်မဆိုးဘူး။ တောင်သူတွေ အဆင်ပြေခဲ့ကြတယ်။ ဒီနှစ်တော့ ဈေးကောင်းပိုရတော့ ပိုအဆင်ပြေကြတာပေါ့။

ဟု ဦးခင်မောင်သက်က ဆက်လက်ပြောသည်။

    မြန်မာ့ရော်ဘာ ဈေးနှုန်းအတက်အကျသည် ကမ္ဘာ့ရော်ဘာဈေးကွက်အခြေအနေနှင့် သက်ဆိုင်သည်သာမက ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းအတက်အကျနှင့် ဝယ်လက်နိုင်ငံများ၏ အစေးခြစ်နားချိန်တို့အပေါ်၌လည်း များစွာမူတည်နေသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်