ရော်ဘာတင်ပို့ရောင်းချမှုဈေးကွက် ထိခိုက်နစ်နာမှုများကြုံလာပါက အစိုးရပိုင်းမှ ကူညီပံ့ပိုးပေးစေလို

16/09/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ၂၀၂၀-၂၀၂၁ ခုနှစ်၊ ရော်ဘာတင်ပို့ရောင်းချမှုဈေးကွက်အတွင်း ထိခိုက်နစ်နာမှုများကြုံတွေ့လာပါက အစိုးရပိုင်းမှ တတ်စွမ်းသလောက် ကူညီပံ့ပိုးပေးစေလိုကြောင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နေသူများက ပြောသည်။

ရန်ကုန်မှာ Lock Down တွေချနေတော့ ရော်ဘာတင်ပို့မှုကို ထိခိုက်နိုင်မလားတော့ ထည့်တွက်နေရတယ်။ ပြည်ပကိုတရားဝင်တင်ပို့တဲ့ လမ်းကြောင်းတချို့က ရန်ကုန်ကတဆင့် ရေကြောင်းခရီးနဲ့ တင်ပို့ရတာပါ။ လမ်းကြောင်းတွေ မပွင့်၊ ဈေးကွက်ကျဆင်း၊ တင်ပို့မှုတွေသာ ထိခိုက်မယ်ဆိုရင် အစိုးရပိုင်းအနေနဲ့ တစ်ခုခု စီစဉ်ပေးသင့်တယ်လို့ မြင်ပါတယ်။ ရော်ဘာက သိုလှောင်ထားလို့ရပေမယ့် ခြံရှင်တွေမှာက လုပ်သားခ၊ စရိတ်စကတွေ ကုန်ကျထားတာကြောင့်ပါ။ ရော်ဘာအစေးခြစ်တာက နောက်နှစ် မိုးတွင်းမတိုင်ခင်အထိ ရက်ပေါင်း ၂၅၀ လောက် ခြစ်နေကြဦးမှာဆိုတော့ လုပ်သားစရိတ်တွေ ပေးနေရဦးမှာလေ။ တစ်ဧကကို အပင်ရေ ၂၀၀ ဆိုတော့ လုပ်သားတစ်ယောက်ကို တစ်နှစ်ကို ၁၆ သိန်းလောက် လုပ်ခပေးနေရတယ်။

ဟု ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး/ရွှေကျင်ရွှေပင်စံ ကုမ္ပဏီ၏ ဒါရိုက်တာ ဦးခင်မောင်သက်က ပြောသည်။

    ၂၀၂၀ခုနှစ် စက်တင်ဘာလ (၁၄) ရက်၊ ရော်ဘာပေါက်ဈေးများအရ မုဒုံရော်ဘာ RSS-3 တစ်ပေါင်လျှင် လက်ငင်း ဝယ်ဈေး (၇၁၅) ကျပ်ဖြင့် ရောင်းဝယ်နေကြသည်။

ရော်ဘာဈေးက တစ်ပတ်လောက်တော့ ရှိပြီ၊ ဈေးကျနေတာ။ တရုတ်နိုင်ငံဘက်က အခွန်ဖြေလျှော့ပေးတာကလည်း အခုနှစ်မှာ မျှော်မှန်းထားတာထက် ရာခိုင်နှုန်းနည်းနေပါတယ်။ အစိုးရချေးငွေ၊ SME ချေးငွေတွေကျတော့လည်း ရော်ဘာခြံတွေက မရကြပါဘူး။ ချေးငွေရဖို့အတွက်ကို အထောက်အထားတွေ၊ မြေပိုင်ဆိုင်မှုတွေ စတဲ့ ကန့်သတ်ချက်တွေများလွန်းနေတယ်။

ဟု ဦးခင်မောင်သက်က ဆက်လက်ပြောသည်။

    မြန်မာ့ရော်ဘာကို ဝယ်လက်ရှိသည့်နိုင်ငံများသို့ ကုန်သည်များမှတဆင့် တရားဝင်တင်ပို့ရောင်းချနေကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်