နဂါးမောက်သီးများ ခူးဆွတ်ရောင်းချပြီးချိန်ဖြစ်သဖြင့် အပင်ခြေပေါင်းရှင်းခြင်းနှင့် အပင်ပြုစုထိန်းသိမ်းခြင်းတို့ လုပ်ဆောင်သင့်

01/12/2020 18:50 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ယခုကာလသည် နဂါးမောက်သီးများ ခူးဆွတ်တင်ပို့ရောင်းချပြီးချိန် ဖြစ်သဖြင့် အပင်ခြေရင်း ပေါင်းရှင်းခြင်းနှင့် အပင်ပြုစုထိန်းသိမ်းခြင်းတို့ကို လုပ်ဆောင်သင့်ကြောင်း နဂါးမောက်ပင်စီးပွားဖြစ်စိုက်ပျိုးသူများက ပြောသည်။

နဂါးမောက်သီးအားလုံးဆွတ်ခူးပြီးတဲ့ နိုဝင်ဘာလကုန်ကစပြီး တိုင်ပေါ်မှာရှိတဲ့ သိမ်လှီညံ့ဖျင်းတဲ့ ကိုင်းတွေ၊ ရောဂါနဲ့ ပိုးမွှားကျရောက်ထားတဲ့ ကိုင်းတွေ၊ အလက်တိုတွေ၊ အဝါ​ရောင်ကိုင်းတွေကို ဦးစွာဖြတ်တောက်ဖယ်ရှားပါ။ ပွင့်လင်းရာသီရောက်လာပြီဆိုတော့ နဂါးမောက်ပင်တွေပြုပြင်တာအပြင် ပေါင်းရှင်းတဲ့လုပ်ငန်းကို မဖြစ်မနေလုပ်ကြရတော့မှာဖြစ်ပါတယ်။ ပေါင်းမြက်​ပင်တွေဟာ သီးနှံပင်တွေနဲ့အပြိုင် ရေနဲ့အစာကို လုယူစားသုံးတတ်တာကြောင့် ပေါင်းမြက်နှိမ်နှင်းတဲ့အလုပ်က နဂါးမောက်စိုက်ပျိုးရေးခြံတိုင်းအတွက် အရေး​ကြီးတဲ့လုပ်ငန်းစဉ်တစ်ခုပါ။

ဟု စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ဖက်ယားရေရှင်ကျေးရွာရှိ မိဘမေတ္တာစိုက်ပျိုးမွေးမြူရေးခြံ (သူဌေး-အော်ဂဲနစ်လက်မှတ်ရနဂါးမောက်သီး) ၏ စီမံအုပ်ချုပ်သူ ဦးသန်းမြင့်က ပြောသည်။

    နဂါးမောက်ပင်အောက်ခြေတွင် ပေါင်းမြက်များဖြင့် ရှုပ်ထွေးနေပါက မှိုရောဂါကျရောက်တတ်သည့်အပြင် အခြားပိုးမွှားများ ဝင်ရောက်ခိုအောင်းရာနေရာ ဖြစ်သွားတတ်ခြင်းကြောင့် ကြိုတင်ရှင်းလင်းကာကွယ်ထားသင့်ကြောင်း သိရသည်။

ကျွန်တော်တို့ဒေသမှာတော့ ဒီနှစ်ဆိုရင် ခရုတအားကျပါတယ်။ အကောင်ပေါက်နှုန်းလည်းမြန်ပါတယ်။ အသီးနဲ့အရွက်တွေကိုလည်း စားသောက်ပစ်ပါတယ်။ ဒါ့ကြောင့် အပင်ခြေကိုရှင်းဖို့ သတိပေးလိုတာပါ။ နောက်တစ်ခုအနေနဲ့ အထူးဂရုစိုက်လုပ်ပေးရမှာကတော့ နွယ်ပင်တွေကို နဂါးမောက်ပင်ပေါ် လုံးဝတက်ရောက်ခွင့်မပေးတာဘဲ ဖြစ်ပါတယ်။ ချုံနွယ်တွေက အလျှင်အမြန်ပဲ နဂါးမောက်ကိုင်းတွေကို ရှုပ်ထွေးအောင်ရစ်ပတ်တတ်လို့ပါ။ အဲ့ဒီနွယ်ပင်တွေက နဂါးမောက်ပင်ကို နေရောင်ခြည်မရ​အောင် အုပ်မိုးထားသလိုဖြစ်သွားမယ်ဆိုရင် နဂါးမောက်ပငင်ရဲ့ အစာချက်စနစ်ကို ထိခိုက်စေပါတယ်။ အချက်ကြေချက်ဖို့အတွက် ခက်ခဲသွားနိုင်ပါတယ်။ ဒါ့ကြောင့် ခြုံနွယ်တွေ မများလာခင် သတိပြုနှိမ်နှင်းပေးရပါမယ်။

ဟု ဦးသန်းမြင့်က ဆက်လက်ပြောသည်။

    အလင်းရောင်မရ၍ အသီးမသီးနိုင်ခဲ့သည့် ကိုင်းများ၊ ရှုပ်ထွေးနေသည့် ကိုင်းများ၊ ကြပ်ညပ်နေသည့် ကိုင်းများကို ဖြတ်တောက်ဖယ်ရှားပေးသင့်ပြီး အလက်များကြပ်၍ဖြတ်တောက်ထားသည့်ကိုင်းများအနက်မှ ရောဂါပိုးမွှားကင်းစင်၍ သတ်မှတ်အရွယ်အစားပြည့်မှီသည့် ကိုင်းများကိုမူ စိုက်ခင်းသစ်များအတွက် မျိုးကိုင်းယူနိုင်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်