မြန်မာ့ဝါးလက်မှုထည်ပစ္စည်းများကို စျေးကွက်ရှာဖွေရေးအစီအစဉ်များ လှည့်လည်ကာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ သိရပါတယ်။
မြန်မာ့ဝါးပစ္စည်းများ တစ်ပိုင်တစ်နိုင်လုပ်နေသူများအတွက် ရည်ရွယ်ကာ စျေးကွက်ရှာဖွေခြင်းများကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ ဥက္ကဌ ဦးဝင်းကျော်ဦးကပြောပါတယ်။
ဝါးပစ္စည်း တစ်ပိုင်တစ်နိုင်ထုတ်နေတဲ့သူတွေအတွက်လည်း စျေးကွက်ရရှိအောင်လို့ လုပ်သွားမယ်။ ပြင်ဦးလွင်တို့ တောင်ကြီးတို့မှာ လှည့်လည်ပြီးတော့ နည်းပညာတွေဖြန့်ဝေမယ်။ စျေးကွက်ရှာတာတွေလုပ်ပေးမယ်။ အဲဒီအစီအစဉ်ကိုလည်း စီစဉ်နေတယ်
အဆိုပါ စျေးကွက်ရှာဖွေရေးအတွက် မြန်မာ့ဝါးစိုက်ပျိူးရေးအသင်းက စျေးကွက်ရှာဖွေရေးအဖွဲ့လည်း ဖွဲ့စည်းထားတာဖြစ်ကြောင်း သိရပါတယ်။
ပြည်ပနိုင်ငံများမှထုတ်နေတဲ့ ဝါးလက်မှုပစ္စည်းများကို စုဆောင်းပြီး စျေးကွက်ရှာဖွေသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator