ကြက်သွန်အဟောင်းများ အထားမခံချိန်ဖြစ်သဖြင့် ဈေးလျော့ရောင်းချနေရ

22/12/2020 10:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ကြက်သွန်အဟောင်းများ အထားမခံချိန်ဖြစ်ပြီး ကြက်သွန်အသစ်များပေါ်ချိန်ဖြစ်သဖြင့် အဟောင်းများကို ဈေးလျော့ရောင်းချနေရကြောင်း ကုန်သည်များထံမှ သိရသည်။

ကြက်သွန်အဟောင်းက အထားမခံတော့ဘူး။ ရာသီကုန်သွားပြီ။ မိုးကြက်သွန် တွေပေါ်လာပြီ။ ဒီတော့ အဟောင်းတွေက စျေးအေးကုန်တယ်။ အသစ်တွေက ပိုအရောင်းသွက်နေတာပေါ့။ အဟောင်းတွေက ဥတွေကနေ အညှောင့်တွေထွက် အပင်ကွဲထွက်လာတယ်။ အဲ့ဒီတော့ အထားလည်းမခံတော့ဘူး။ နိုင်ငံခြားကိုလည်း တင်ပို့လို့က မရတော့ဘူးလေ။ သယ်ယူတဲ့အခါကျတော့လည်း အမြိတ်တွေထွက်နေတဲ့အခါကျတော့ ပျော့ကုန်တာပေါ့။ ဆုံးရှုံးမှုများတာပေါ့။ ဒါ့ကြောင့် လူတွေက သိပ်မသုံးချင်ကြတော့ဘူး။

ဟု မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၊ ကျေးရွာမှ ကြက်သွန်စီးပွားဖြစ်စိုက်ပျိုးသူ ဦးဝင်းမြင့်ဌေးက ပြောသည်။

    ယခုကာလသည် အောက်တိုဘာလပိုင်းက စတင်စိုက်ပျိုးခဲ့သည့် မိုးကြက်သွန် (ဥစိုက်၊ ပင်ထောင်) များ ပေါ်ချိန်ဖြစ်ပြီး၊ ဒီဇင်ဘာလကုန် ဇန်နဝါရီလဆန်းတွင် ကြက်သွန်စိုက်ပျိုးရာသီသို့ ပြန်လည်ရောက်ရှိတော့မည် ဖြစ်သည်။

ဈေးကွက်ကတော့ သိပ်မထူးခြားပေမယ့် ကိုဗစ်ကြောင့်မို့လို့ သယ်ယူစရိတ်မြင့်တက်တယ်။ ကျွန်တော်တို့ဒေသကနေ မြင်းခြံမြို့ပေါ်၊ မြင်းခြံကနေမှ ပွဲစားတွေဆီ၊ ပြီးတော့ ပွဲရုံတွေရောက်၊ ပွဲရုံတွေကနေမှ ရန်ကုန်ပို့၊ ရန်ကုန်ကနေမှ မော်လမြိုင်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံတွေအထိ အဆင့်ဆင့်တွေ တင်ပို့ရာမှာ ကုန်ကျစရိတ်တွေ ပိုများလာတယ်။

ဟု ကြက်သွန်ကုန်သည်တစ်ဦးက ပြောသည်။

    တောင်သူ - ဒိုင်သွင်းဈေးအနေဖြင့် နွေကြက်သွန် တစ်ပိဿာလျှင် (၂၀၀) (၂၅၀) (၃၅၀) အထိ ဈေးနှုန်းများ ကျဆင်းနေပြီး၊ မိုးကြက်သွန် တစ်ပိဿာလျှင် (၆၀၀) (၇၅၀) (၈၀၀) ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်