Food Safety ဖြစ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ဆိုင်ခန်းဖွင့်လှစ် ရောင်းချမည်

26/03/2019 11:29 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့် (GAP)နှင့် အော်ဂဲနစ်လက်မှတ်ရ Food Safety ဖြစ်သော ဟင်းသီးဟင်း ရွက်နှင့် သစ်သီးဝလံများကို ဆိုင်ခန်းဖွင့်လှစ် ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန် ဟင်း သီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောသည်။ 

ယင်းကဲ့သို့လက်မှတ်ရရှိထားသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ရန်ကုန်မြို့ရှိ စိုက်ပျိုးရေးသုံး ပံ့ပိုးပစ္စည်းအရောင်းဆိုင်နှင့် နည်းပညာအကူအညီပေးရေးဌာန မြေပဒေသာကျွန်းတွင် ယခုလ ၂၃ ရက်မှစ၍ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များ၌ နံနက် (၇) နာရီမှ နေ့ လည် ၁၂ နာရီအထိ ဖွင့်လှစ်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

"အဲ့နေ့မှာ Safe Food From Safe Farm ဆိုတဲ့ စိတ်ချရ တဲ့သီးနှံထွက်ကုန်တွေကို ရောင်းချတဲ့ ပွဲ လုပ်မှာဖြစ်ပါတယ်။ ဒါကလဲ ၂၀၁၅ ထဲက စလုပ်ခဲ့တာ အဲ့တုန်းက တစ် ပတ်ကို ၁ရက် စနေနေ့ပဲလုပ်ခဲ့တာ ၂နှစ် ၃နှစ် လောက် ဆက်တိုက်လုပ်ခဲ့ပြီး မနှစ်ကတော့ အင်အားနည်းသွားတယ်။ အခုကပြန်မွမ်း မံပြီး ပြန်လုပ်တာပါ။"ဟု   မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်၊ စိုက်ပျိုးထုတ် လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြော သည်။

ယင်းကဲ့သို့ ဖွင့်လှစ်ရောင်းချခြင်းကို စိုက်ပျိုးရေးဦးစီးဌာန ၏ ခွင့်ပြုချက်ဖြင့် ဆိုင်ခန်းပေါင်း ၃၄ ခန်းဖြင့် စတင်ဖွင့်လှစ်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

GAP လက်မှတ်ရ၊ အော်ဂဲနစ်လက်မှတ်ရနှင့် သဘာဝအတိုင်း သီးပွင့်သော သီးနှံများကိုသာ ရောင်းချမည်ဖြစ်ပြီး ၎င်းတို့က ရောင်းသင့်သည်ဟု ထောက်ခံချက်ပေးထားသော ခြံပေါင်း ၁၇ ခြံမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝ လံများကို ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

"ဒါက GAP လက်မှတ်တို့ အော်ဂဲနစ်လက်မှတ်တို့ စနစ်တကျလုပ်ထားပြီးတဲ့ သူတွေအတွက်ကိုရော စိုက်ပျိုးတဲ့ တောင် သူတွေအတွက်ကိုရော ဈေးကွက်ဖော်ဆောင်ပေးတာဖြစ်သလို စားသုံးသူတွေက ပိုးသတ်ဆေးတွေရှိမလားဆိုတဲ့ အ တွေးတွေကိုလဲ ဖြေဖျောက်ပေးဖို့ Food Safety ဖြစ်တဲ့ အစားအစာ ဘေးကင်းလုံခြုံတယ်ဆိုတာကို တာဝန်ခံပြီး ကျွန် တော်တို့ ဖွင့်လှစ်တာဖြစ်ပါတယ်"ဟု ဦးစိုးသန်းမင်းဒင်က ပြောသည်။

ထိုသို့ လာရောက်ရောင်းချသူများအနေဖြင့် အသိအမှတ်ပြု လက်မှတ်တခုခုရှိရမည်ဖြစ်ပြီး အစစ်ဆေးခံနိုင်ရမည်ဖြစ်ပြီး ယင်းဆိုင်ခန်းများတွင် မရိုးမသား ရောင်းချမှုများကို စစ်ဆေးတွေ့ရှိပါက ရာသက် ပန်ရောင်းချခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ရောင်းချခြင်းကို ၂၀၁၅ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် လုပ်ငန်းကြီးကြပ်မှုအားနည်းခြင်းနှင့် ရောင်းချသူများဘက်က မရိုးသားမှုများကြောင့် ၂ ဆိုင် ၃ ဆိုင်ခန့်သာ ကျန်ရှိတော့သည့်အတွက် ယခုအခါ ပြန်လည်မွမ်းမံ၍ ရောင်းသူ ဝယ်သူ နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်သည့် ဈေးနှုန်းဖြင့် ဖွင့်လှစ်ရောင်းချ ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့စိုက်ပျိုးရေးမှ GAP လက်မှတ်အား သီးနှံ ၁၅ မျိုးကို ပေးထားပြီး  မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကပေးသည့် အော်ဂဲနစ်လက်မှတ်မှာ ၇ ခုရှိကြောင်း သိရသည်။

အေးအေးမြင့်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်