အခြေခံစားသောက်ကုန်များကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးမည်

27/03/2020 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    အခြေခံစားသောက်ကုန်များကို သက်သာသောနှုန်းထားဖြင့် ကုန်သည်စက်မှုအသင်းချုပ်နဲ့ ညီနောင်အသင်းများပူးပေါင်းပြီးတော့ ရောင်းချပေးသွားမှာဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ရဲ့ ဒီကနေ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

    အခြေခံစားသောက်ကုန်များကို စျေးကွက်အတွင်း ပြတ်လတ်ခြင်းမရှိစေရန်၊ စျေးနှုန်းကြီးမြင့်ခြင်း မရှိစေရေးအတွက် ညှိနှိုင်းထိန်းသိမ်းရေး ရည်ရွယ်ချက်ဖြင့် ရောင်းချပေးသွားတာဖြစ်ကြောင်း သိရပါတယ်။

    ဒေသတွင်းမှာဖွင့်လှစ်ရောင်းချနေတဲ့ အိမ်ဆိုင်များ၊ လက်လီလက်ကားလုပ်ငန်းများ ထိခိုက်မှုမရှိစေရေးအတွက် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

    လှိုင်သာယာမြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူများကို မတ်လ(၂၆)ရက်နေ့ ညနေပိုင်းမှာ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးရှေ့မှာ ရောင်းချသွားမှာဖြစ်ပါတယ်။

    ဒါ့အပြင် အခြားစက်မှုဇုန်များတည်ရှိရာ မြို့နယ်များကိုလည်း လာမယ့်ရက်များအတွင်းမှာ သက်ဆိုင် ရာအဖွဲ့အစည်းများနဲ့ညှိနှိုင်းကာ ဆက်လက်လှည့်လည်ရောင်းချသွားမှာဖြစ်ပါတယ်။

    အဆိုပါရောင်းချပေးမှုများကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီတို့မှ ပူးပေါင်းဆောင်ရွက်ရောင်းချတာဖြစ်ပါတယ်။ 

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်