လျှော်ဖြူစျေးနှုန်းကျဆင်းနေ
ယခုနှစ်အတွင်းလျှော်ဖြူစျေးနှုန်းများမှာ ကျဆင်းနေကြောင်း မြန်မာနိုင်ငံလျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။ ပြည်တွင်းမှာလျှော်ဖြူများများနေပြီး စျေးနှုန်းမတည်ငြိမ်မှုများရှိနေတာကြောင့် စျေးနှုန်းများကျဆင်း နေတယ်လို့ မြန်မာနိုင်ငံလျှော်ဖြူ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးဟိန်းထက်ကပြောပါတယ်။
“တောင်သူတွေကလည်းမရောင်းပဲနဲ့လှောင်ထားတာတွေရှိတယ်။လက်ရှိစျေးက(၃၀၀၀၀)လောက်ပဲရှိတယ်။ရောင်းတဲ့လူတွေကလည်းနည်းတယ်။တချို့ကလည်းထိန်းထားတာတွေရှိတော့ စျေးနှုန်းမတည် ငြိမ်ပဲ ကျဆင်းနေတာပါ” မြန်မာ့လျှော်ဖြူကိုယခုနှစ်အတွင်းပြည်ပနိုင်ငံစျေးကွက်သစ်များကို တင်ပို့ရောင်းချနိုင်ရန်စီစဉ်နေ ကြောင်းလည်းအဆိုပါအသင်းမှသိရပါတယ်။
ယခင်ကလျှော်ဖြူတစ်ပိဿာကို ကျပ်၄၀၀၀၀ ဝန်းကျင်မှ ၆၀၀၀၀ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ အခုလက်ရှိ မှာ တစ်ပိဿာကို ကျပ် ၃၀၀၀၀ သာရှိတော့ကြောင်း မြန်မာနိုင်ငံလျှော်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှသိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more