အပင်ကိုစောင်းပြီးစိုက်တာက ပိုမိုဖြစ်ထွန်းမှုရှိတယ်ဆိုတဲ့ ဝါးပင်

07/10/2021 20:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    စီးပွားဖြစ် ဝါးစိုက်ခင်းများ၌ စတင်စိုက်ပျိုးပြီးနောက် ဝါးပင် စတင်ထွက်ရှိချိန် နောက်မကျစေရန်အတွက် စိုက်ကျင်းပြင်ဆင်စဉ်ကတည်းက စနစ်တကျ ဂရုစိုက်ပေးသင့်ကြောင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နေသူများက ပြောသည်။

စစိုက်ချိန်မှာ သတိထားသင့်တာကတော့... စိုက်ကျင်းပြင်ဆင်တာ အရမ်းမနက်ဖို့ပါပဲ။ စိုက်ကျင်း အရမ်းနက်သွားတယ်ဆိုရင် မျှစ်ထွက်ရမှာကို တန်းမထွက်ဘဲနဲ့ မြေကြီးထဲမှာတင် ကြာနေတတ်တယ်။ တချို့က ဝါးပင်ရဲ့သဘောတရားကို နားမလည်တာလည်းပါတာပေါ့။ စိုက်ကျင်းတူးရာမှာ အနက်တစ်ပေ အကျယ်တစ်ပေပတ်လည်က အကောင်းဆုံးပါ။ ပျိုးအိတ်ဆိုဒ်က ၆ လက်မ ဆိုဒ်လောက်ဆိုရပြီ။ အနက်တစ်ပေမှာ ၆ လက်မကို ပျိုးအိတ်ထည့်ပြီး ကျန်တာက နွားချေးဆွေး စတဲ့ မြေပြင်ဆင်ထားတာတွေ ထည့်လိုက်မယ်ဆို အဆင်ပြေပါပြီ။

ဟု ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှ ဝါး စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသူ မစုမွန်က ပြောသည်။

    ဝါးပင်စိုက်ပျိုးရာတွင် အပင်ပြုစုထိန်းသိမ်းရ လွယ်ကူရိုးရှင်းသော်လည်း စတင်စိုက်ပျိုးပုံမှာ တခြားနှစ်ရှည်ပင်ကြီးများနှင့် အနည်းငယ်ကွဲပြားမှုများရှိကြောင်း သိရသည်။

နောက်တစ်ခုက ဝါးပင်ရဲ့သဘောတရားက အပင်ကို တည့်တည့်ထားပြီး စိုက်တာထက် အပင်ကို စောင်းပြီးစိုက်တာက အပင်ပိုမိုဖြစ်ထွန်းမှုရှိပါတယ်။ လေက အရှေ့ဘက်ကတိုက်တာဆိုတော့ ဝါးပင်စိုက်တဲ့အခါ အရှေ့ဘက်ကနေ အနောက်ဘက်ကို ၄၅ ဒီဂရီလောက် စောင်းစိုက်တယ်ဆိုရင် ထွက်လာတဲ့ဝါးက အတည့်အတိုင်းထွက်လာတယ်။ တကယ်လို့ မြေကြီးမှာ တခြားအပင်တွေ (ဒူးရင်းပင်တို့ ဘာတို့) စိုက်သလို တည့်တည့်ထားစိုက်မယ်ဆိုရင် ထွက်လာတဲ့အပင်က အဆင်မပြေနိုင်ဘူး။ အပင်ထွက်လာတော့မှ ခုတ်ပစ်ရတဲ့အပင်မျိုး ဖြစ်နေတတ်ပါတယ်။ ဒါလေးတွေ သတိထားစိုက်ပျိုးဖို့ လိုအပ်ပါတယ်။

ဟု ၎င်းက ဆက်လက်ပြောသည်။

    ဝါးရုံတစ်ရုံတွင် ဝါးပင်ရေပေါင်း ၄၀/၅၀ ဝန်းကျင် ဝါးရုံကြီး အနေအထားရှိလာပါက မျှစ်စတင်ထုတ်ယူရန် သင့်တော်သည့်အချိန်ဖြစ်ပြီး၊ စိုက်ပျိုးပြီး တစ်နှစ်မှ တစ်နှစ်ခွဲအတွင်းကာလတွင် ပျိုးပင်ထုတ်လုပ်ခြင်း၊ စိုက်ပျိုးပြီး ၃ နှစ်ဝန်းကျင်တွင် ဝါးလုံးထုတ်လုပ်ရောင်းချခြင်းများကို လုပ်ဆောင်နိုင်ကြောင်း သိရသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်