လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုစေသော အိုမီဂါ 3,6 ပါဝင်သည့် နဂါးမောက်သီးပင်ကို ရွေးချယ်စိုက်ပျိုးသင့်

19/06/2021 11:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    စိုက်ပျိုးပြီးတစ်နှစ်အတွင်း အသီးထွက်ရှိနိုင်သည့်အပြင် လူ့ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုးပြုစေသော အိုမီဂါ 3,6 ဓာတ်များ ကြွယ်ဝစွာပါဝင်သည့်  နဂါးမောက်သီးပင်ကို ရွေးချယ်စိုက်ပျိုးသင့်ကြောင်း စီးပွားဖြစ်ထုတ်လုပ်နေသူများက ဆိုသည်။

နဂါးမောက်သီးပင်က ရာသီဥတုဒဏ်၊ အကြမ်းဒဏ်ခံနိုင်တယ်။ နောက်ပြီးတော့ နှစ်ရှည်ပင်အမျိုးအစားဖြစ်တယ်။ နှစ်ရှည်ပင်ဖြစ်ပေမယ့်လည်း စိုက်ပျိုးပြီး တစ်နှစ်လောက်အတွင်းမှာပဲ အသီးသီးတဲ့အပြင်၊ နဂါးမောက်သီးမှာက လူရဲ့ခန္ဓာကိုယ်အတွက် အကျိုးပြုစေတဲ့ အိုမီဂါ 3,6 တွေပါဝင်ပြီး ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်။ ကုန်ချောထုတ်မယ်ဆိုရင်လည်း ထုတ်လို့ရတဲ့ သီးနှံဖြစ်တဲ့အတွက် ဦးစားပေးရွေးချယ် စိုက်ပျိုးခဲ့ပါတယ်။ နဂါးမောက်သီးအပြင် နဂါးမောက်သီးဝိုင် အဖြစ်လည်း ထုတ်လုပ်ရောင်းချနေတဲ့အတွက် ဈေးကွက်ကတော့ မပူပင်ရပါဘူး။

ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ဆပ်သေကျေးရွာမှ နဂါမောက်သီးပင် စိုက်ပျိုးရေးနှင့် နဂါးမောက်သီးဝိုင်လုပ်ငန်း လုပ်ကိုင်နေသူ ဦးအောင်မိုးလှိုင်က ပြောသည်။

    အပင်ပိုင်း ပြုစုစောင့်ရှောက်မှုကို အပြည့်အဝပေးနိုင်ပြီး၊ အချိန်အခါအလိုက် ရေပေးဝေနိုင်ပါက နဂါးမောက်သီးပင်ကို တစ်နှစ်ပတ်လုံး နှစ်သက်ရာအချိန်တွင် စိုက်ပျိုးနိုင်ကြောင်း သိရသည်။  

တကယ်တမ်းစိုက်မယ်ဆိုရင် မိုးကုန်သွားတဲ့ အောက်တိုဘာလလောက်မှာ စစိုက်သင့်ပါတယ်။ ဘာလို့ဆို အောက်တိုဘာလမှာ စစိုက်တယ်ဆိုရင် နဂါးမောက်သီးပင်ရဲ့ အမြစ်က နိုဝင်ဘာလ၊ ဒီဇင်ဘာလလောက်ဆို အမြစ်ထွက်တယ်။ သဘာဝအဖူးတွေ စထွက်တာက မေလဆန်းလောက်ဆို စထွက်လိမ့်မယ်။ ဇန်နဝါရီ၊ ဖေဖော်ဝါရီ အအေးဓာတ်ဝင်တဲ့အချိန်မှာ အတက်က တအားထွက်လာလိမ့်မယ်။ ဒါ့ကြောင့် အောက်တိုဘာလမှာ စတင်စိုက်ပျိုးသင့်တာပါ။ ဒါပေမဲ့လည်း အခုကတော့ အပင်ပြုစုနိုင်ပြီး၊ ရေပေးနိုင်တယ်ဆိုရင် တစ်နှစ်ပတ်လုံး နှစ်သက်ရာအချိန်မှာ စိုက်လို့ရနေပါပြီ။ စိုက်ပျိုးတဲ့အခါမှာ မျိုးကိုင်းရွေးချယ်တာမှန်မယ် စိုက်ပျိုးတဲ့အချိန်မှန်မယ် ရာသီဥတုမှန်မယ် အပင်ပြုစုနည်းစနစ်မှန်မယ်ဆိုရင် စိုက်ပျိုးပြီး (၇)လ၊ (၈)လလောက်ဆိုရင် အသီးစထွက်ပါပြီ။ စိုက်ပျိုးစရိတ်ကတော့ ဒေသတစ်ခုနဲ့တစ်ခု မတူညီပါဘူး။

ဟု ၎င်းက ဆက်လက်ပြောသည်။

    နဂါးမောက်သီးပင် စိုက်ပျိုးမည်ဆိုပါက တစ်ဧကစိုက်ပျိုးစရိတ်အနေဖြင့် ကွန်ကရစ်တိုင်ဖိုး၊ မျိုးဖိုး၊ စိုက်ကျင်းဖောက်သည့် လုပ်သားခ၊ နွားချေးဆွေး ဖွဲပြာနှင့် မြေဩဇာထည့်သွင်းစရိတ်၊ စိုက်ပျိုးပြီးနောက် တာယာဂွေတင်ခြင်းများ အပါအဝင် ကနဦးစိုက်ပျိုးကုန်ကျစရိတ် သိန်း(၆၀)ဝန်းကျင် ကုန်ကျနိုင်ကြောင်း သိရသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်