ဈေးကွက်ခက်ခဲနေသော်လည်း နှစ်ရှည်ပင်ပြုစုထိန်းသိမ်းမှုများကို တတ်စွမ်းသရွေ့ လုပ်ဆောင်ပေးနေသင့်

09/09/2021 18:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    လက်ရှိအခြေအနေတွင် ဈေးကွက်အခက်အခဲများ ကြုံတွေ့နေရသော်လည်း နှစ်ရှည်ပင်စိုက်ပျိုးသူများအနေဖြင့် အပင်ပြုစုထိန်းသိမ်းမှုများကို တတ်စွမ်းသရွေ့ လုပ်ဆောင်ပေးနေသင့်ကြောင်း စိုက်ပျိုးရေးကျွမ်းကျင်သူများက ဆိုသည်။

ကျွန်တော်တို့ မရမ်းသီးပင် စိုက်တဲ့သူတွေလည်း ဒီနှစ်တွက်ခြေမကိုက်ကြဘူး။ မူဆယ်လမ်းကြောင်းတွေ အရင်လို အသွားအလာမလွယ်ကူတဲ့အတွက်ကြောင့် အမြတ်နည်းကြတယ်။ သို့သော် နှစ်ရှည်ပင်သမားတွေကို မှာချင်တာက၊ အပင်ပြုစုထိန်းသိမ်းမှုကိုတော့ မပြတ်လုပ်ဆောင်ပေးနေကြပါ။ ကုန်ကျစရိတ်များများကုန်တာမျိုးမဟုတ်တောင် တတ်နိုင်သလောက်တော့ ပြုစုပေးနေမှလည်း နှစ်ရှည်ပင်သက်ရှည်ပြီး အထွက်နှုန်းကိုမထိခိုက်တာပါ။ နောက်ပိုင်းမှာ ဈေးကွက်ပြန်ကောင်းလာတဲ့အခါ ပြုစုထိန်းသိမ်းထားခဲ့တဲ့အတွက် ပြန်ပြီး အကျိုးကျေးဇူးတွေ ခံစားကြရမှာပါ။

ဟု ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကင်းဆိပ်ကျေးရွာအုပ်စု၊ ဘော်နင်းကျေးရွာမှ မရမ်းခြံနှင့် စံပယ်ခြံလုပ်ငန်းလုပ်ကိုင်သူ ဦးခင်မောင်မြင့်က ပြောသည်။ 

    မရမ်းပင်၊ ကြက်မောက်ပင်၊ စပျစ်ပင်၊ လျှော်ဖြူ(ဆေးကုလားမပင်)၊ ပိန္နဲပင်၊ သရက်ပင်၊ ရော်ဘာပင်၊ ဒူးရင်းပင်၊ နံ့သာဖြူ/နံ့သာနီပင် အစရှိသည့် ဥယျာယ်ခြံသီးနှံပင်များ နှစ်ရှည်ပင်များအနေဖြင့် ပုံမှန်ပြုစုထိန်းသိမ်းမှုများ ပြုလုပ်ပေးရင်း ဈေးကွက်ကောင်းမည့်အချိန်ကို စောင့်ဆိုင်းနေသင့်ကြောင်း သိရသည်။ 

ပြုစုထိန်းသိမ်းတာမတတ်လို့ (၇)နှစ်/(၈)နှစ်လောက်နဲ့ အပင်သေသွားတဲ့ ဒူးရင်းခြံတွေလည်း တွေ့ဖူးပါတယ်။ အဓိကကတော့ အပင်အခြေအနေကို စောင့်ကြည့်နေဖို့လိုတာပါ။ ပင်စည်မှာ ရေစိုကွက်လေး ဖောက်ထားတာ၊ ပိုးလေးဖောက်ထားတာ တွေ့တယ်ဆို လှီးထုတ်ပစ်ရတယ်။ အမြဲတမ်းလည်း မမြင်ရဘူး။ ညဘက်နဲ့ မနက်စောစောတွေမှာ မြင်ရတတ်တယ်။ အဲ့ဒီရေစိုကွက်လေးတွေတွေ့ရင် ခြစ်ထုတ်ပစ်ပြီး မှိုဆေးလေးသုတ်ပေးရတယ်။ ဒါ့ကြောင့် အပင်ပြုစုတတ်တဲ့ ကျွမ်းကျင်လုပ်သား လိုအပ်ပါတယ်။ ဂရုမစိုက်ဘဲ ပစ်ထားလိုက်တာနဲ့ တစ်လအတွင်းလည်း အပင်သေသွားနိုင်ပါတယ်။

ဟု မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သံဖြူဇရပ်မြို့မှ နှစ်ရှည်သီးနှံစိုက်ပျိုးသူ မသဲစုလတ်က ပြောသည်။ 

    လက်ရှိအနေအထားတွင် စပျစ်ပင်၊ ဒူးရင်းပင် စသည့် နှစ်ရှည်သီးနှံပင်စိုက်ပျိုးသူများမှာ ဈေးကွက်ထူးထူးခြားခြား ထိခိုက်နစ်နာခြင်းမရှိဘဲ၊ ဈေးကွက်ကောင်းမွန်နေဆဲဖြစ်ကြောင်း သိရသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်