ဆောင်းသီးနှံအနေဖြင့် ပန်းမုန်လာစိမ်းပင် (ဘရိုကိုလီပင်) စိုက်ပျိုးရာတွင် ပျိုးထောင်ချိန်မှစတင်၍ မှိုနှင့်ရောဂါများ မကျရောက်စေရန် အထူးဂရုစိုက် ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ကြောင်း စီးပွားဖြစ်စိိုက်ပျိုးထုတ်လုပ်နေသူများထံမှ သိရသည်။
"ပန်းမုံလာစိမ်းပင်တွေက စမစိုက်ခင်မှာ ပျိုးအိတ်နဲ့ပျိုးထောင်ပြီး စိုက်ရတာဖြစ်တဲ့အတွက် ပျိုးထောင်ထားချိန်မှာကတည်းက မှိုမကျအောင်နဲ့ ခါးရိရောဂါမကျအောင် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ အပင်ကြီးလာတဲ့အခါလည်း ပိုးကျလို့ရှိရင် ခေါင်ညွှန့်လေးတွေ ထိပြီး အဖူးအပွင့်တွေ မလှနိုင်တော့ဘူး။ အဲ့ဒါလေးတွေ အထူးဂရုစိုက်ပေးရတယ်။ အပွင့်ပွင့်ခါနီးရင်လည်း အပင်မှာ အရွက်မှာ အကွက်ကြီးတွေ ဖြစ်တတ်တယ်။ ဒေါင်မြှီးလိုမျိုး မှိုတွေမကျအောင် သတိပြုဂရုစိုက်ပေးရပါတယ်။"
ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ သာစည်ကျေးရွာမှ ပန်းမုန်လာစိမ်းပင် (ဘရိုကိုလီပင်) စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသူ ကိုလှထွေး က ပြောသည်။
ပန်းမုံလာစိမ်းပင် စိုက်ပျိုးရန်အတွက် မြေပြင်ရာတွင် ထယ်ရေးကောင်းကောင်းထွန်ယက်ကာ နွားချေး၊ ၁၅ ပတ်လည်တို့ ခံ၍ မြောင်း၊ ဘောင်များ ပြုလုပ်စိုက်ပျိုးကြသည်။
"မြေဆွေး၊ နွားချေး၊ စက်ဖွဲပြာရောတယ်။ ပြီးမှ သမအောင်မွှေပြီး အိတ်ကလေးတွေနဲ့ထည့်တယ်။ ရေဖျန်း မျိုးစေ့ထည့်ပျိုးတယ်။ ကျွန်တော်တို့ဒေသက ပေါင်းပင်သိပ်မရှိလို့ အလုပ်သမားခ မကုန်ပါဘူး။ ပျိုးသက် ၁၈ ရက်ကနေ ၂၁ ရက်သားအရွယ်မှာ မြေချစိုက်ပါတယ်။ မြေချစိုက်တဲ့အခါမှ ပျိုးအိတ်တွေကို ခွာပြီး၊ စိုက်ဘောင်တွေမှာ ကျင်းတူးစိုက်လိုက်တာပါ။ ပင်ကြားတန်းကြားကို တစ်တောင်ဝန်းကျင်စီ ထားပါတယ်။ စိုက်ပြီးနောက်မှာပဲ ရေသွင်းပေးတယ်။ ပြီးရင် တစ်ပတ်လောက်နေတဲ့အခါ အပင်အခြေအနေပေါ်မူတည်ပြီး ပုလဲကျွေးတယ်။ ပိုးသတ်ဆေး၊ အားဆေးဖျန်းတယ်။ အပင် နည်းနည်းဖားလာရင် အပင်ခြေကနေ ၁၅ ပတ်လည်တို့ဘာတို့ ခံပြီး ဘောင်ပြန်တင်ပေးတယ်။ မှိုသတ်ဆေးကိုလည်း အပင်အခြေအနေကို ကြည့်ပြီး သုံးပေးပါတယ်။"
ဟု ၎င်းက ဆက်လက်ပြောသည်။
ပန်းမုံလာစိမ်းပင်များကို ရေပေးဝေရာတွင် မြေကြီးအခြေအနေနှင့် ဒေသအလိုက် ရာသီဥတုအပေါ်မူတည်၍ စိုက်သက်တမ်းတစ်လျှောက်အတွင်း ၁၀/၁၅ ကြိမ်ခန့် ရေပေးဝေကြရကြောင်း သိရှိရသည်။
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more