ရော်ဘာပင်စိုက်ပျိုးသူများ သီးပုပ်ရွက်ကြွေရောဂါ သတိပြုသင့်

16/06/2020 13:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    မိုးဦးရာသီရောက်ရှိသဖြင့် ရော်ဘာပင်စိုက်ပျိုးသူများ သီးပုပ်ရွက်ကြွေရောဂါကျရောက်မှု သတိပြုသင့်ကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

    မြန်မာပြည်ရှိ ရော်ဘာပင်များကို နှစ်စဉ် မိုးဦးရာသီရောက်ချိန်တိုင်း ဒုက္ခပေးလေ့ရှိသည့် သီးပုပ်ရွက်ကြွေရောဂါ (Phytophthora spp.) ကို မြိတ်မြို့နယ်အတွင်းရှိ စိုက်ခင်းတစ်ချို့တွင် စတင်ကျရောက်နေပြီး တခြားဒေသများလည်း သတိပြုနိုင်ရန်ဖြစ်သည်။ 

ရော်ဘာပင်တွေအတွက် အစာချက်လုပ်ရန်အရေးကြီးတဲ့ အရွက်တွေကို အဓိကထားပြီးတိုက်ခိုက်တတ်တဲ့ မှိုရောဂါတစ်မျိုးပါ။ ရော်ဘာအထွက်နှုန်းကို ထိခိုက်စေတဲ့ ရောဂါပါ။ မိုးများတဲ့ အောက်မြန်မာပြည်မှာ ပိုပြီးကျရောက်ပါတယ်။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် တို့မှာတော့ ကျရောက်လေ့မရှိပါဘူး။ မိုးအုံ့တဲ့ရက်များလာရင်၊ စိုထိုင်းဆများလာရင် ဒီရောဂါပိုးက ကျတတ်ပါတယ်။

ဟု စိုက်ပျိုးရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူး ဦးဝင်းဇော် က ပြောသည်။

    အဆိုပါရောဂါသည် ဓါတုပိုးသတ်ဆေးများနှင့် ပက်ဖျန်းကာကွယ်ရန်ခက်ခဲပြီး၊ ရောဂါဒဏ်ခံနိုင်ရည်ရှိသည့် ရော်ဘာမျိုးများကိုမူ ကျရောက်မှုနည်းပါးကြောင်း သိရသည်။

အပင်ရောဂါကျရောက်ချိန်ဖြစ်လို့ ကြိုတင်သတိပေးလိုတာပါ။ တခြား ဆိုးရွားတဲ့ရောဂါမျိုးတွေ ကျရောက်မှုမရှိအောင်လည်း မျိုးစေ့၊ ပျိုးပင်တွေ တင်သွင်းခွင့်ကို စီစစ်တာ၊ လေဆိပ်တွေ၊ နယ်စပ်တွေမှာရှိတဲ့ plant Quarantine ဌာနစခန်းတွေကနေ စနစ်တကျ စစ်ဆေးပြီး ဥပဒေတွေထုတ်ပြန် ကာကွယ်နေပါတယ်။

ဟု မြိတ်ခရိုင်ဦးစီးမှူး ဦးဝင်းဇော် က ဆက်လက်ပြောသည်။

    ရော်ဘာပင်တွင် ကျရောက်တတ်သည့် ရောဂါများအနက် ဘရာဇီးနိုင်ငံ၊ တရုတ်နိုင်ငံတို့၌ ဆိုးဝါးစွာကျရောက်နေသည့် South American Leaf Blight- SALB ရောဂါကိုမူ မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ၌ ကျရောက်မှုတစ်စုံတရာ မရှိသေးကြောင်း သိရသည်။

နန်းထက်ထက်ချစ်(ABM)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်