ကုန်စိမ်းနှင့် သစ်သီးဝလံများအား စာချုပ်ချုပ်ဆိုပြီး တင်ပို့ရသည့်စနစ် ကျင့်သုံးသင့်ဟုဆို 

16/12/2019 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ကုန်စိမ်းနှင့် သစ်သီးဝလံများကို Quota စနစ်ဖြင့် တင်ပို့၍ တရုတ်ပြည်နယ်စပ် ရောက်မှသာ ဈေးဖြတ်ခြင်းမဟုတ်ဘဲ ပြည်တွင်း၌ စာချုပ်ချုပ်ဆို၍ တင်ပို့ရသည့် စနစ်ကို ကျင့်သုံးသင့်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါသည်။

တရုတ်နိုင်ငံရှိ ယူနန်နှင့် ရှန်ဟိုင်းကဲ့သို့သော မြို့ကြီးများနှင့် ပြည်နယ်ကြီးများမှ သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မကြာခဏတွေ့ဆုံပြီး မြန်မာ့သစ်သီးဝလံများအား ရန်ကုန်တိုင်းတွင် တိုက်ရိုက်ဝယ်ယူရန် ဆွေးနွေးမှုများရှိနေကြောင်း သိရသည်။

"ခွဲတမ်း‌လောက်နဲ့ ပို့ရတဲ့ စနစ်မျိုးထက် ဝယ်ယူသူကို ရန်ကုန်ဈေးကွက်လိုနေရာမျိုး၊ မန္တလေးဈေးကွက်လိုမျိုးမှာ တစ်ခါတည်း စာချုပ်ချုပ်ပြီး ဒီကနေလှမ်းပို့တဲ့ စနစ်မျိုးကို ကျင့်သုံးသင့်တယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ဖရဲသီးတွေကို ကားတွေနဲ့ တင်သွားပြီး ဟိုရောက်မှ မယူဘူးဆိုတဲ့ အခြေအနေမျိုးတွေ‌ကြောင့် အခက်အခဲတွေရှိတယ်။ ဝယ်လက်တွေနဲ့ ပတ်သက်ပြီး နယ်စပ်မျဉ်းပေါ်မှာ ပွဲစား‌တွေ အများကြီးရှိတယ်။ တိုက်ရိုက်စားသုံးသူ လက်ထဲကို မဖြန့်ချီနိုင်ဘူး။ ကုန်စိမ်းနဲ့ သစ်သီးဝလံမှာက ဒီလိုအခြေအနေ ထိန်းချုပ်ထားတဲ့ အနေအထားတွေ ရှိတယ်။" ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ဒီဇင်ဘာလ ၈ ရက်က ကုန်သည်စက်မှုအသင်းချုပ် (UMCCI) တွင် ကျင်းပသည့် နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းရှင်များ၏ လစဉ်ပုံမှန် အစည်းအဝေးတွင် ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအနေအထားများနှင့် ပတ်သက်ပြီး ရန်ကုန်- မန္တလေးတွင် တစ်ခါတည်းရောင်းချ၍ Logistics လမ်းကြောင်းမှ ပါကင်ပါ ထုတ်ပိုးနိုင်မည့် လုပ်ငန်းများကို ပြည်တွင်း၌ ဆောင်ရွက်နိုင်ပါက အဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထိုပြင့် စိုက်ပျိုးရေးကဏ္ဍတွင် စတင်စိုက်ပျိုးသည့်အချိန်မှစ၍ ရောင်းချသည့် အချိန်အထိ မြန်မာ -တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်သည့် အနေအထားမျိုးဖြစ်အောင် ပြင်ဆင်သင့်ကြောင်း သိရသည်။

အေးအေးမြင့်(ABM)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်