ရောဂါကျရောက်မှု နည်းပါးစေရန် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးသင့်

15/06/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ရော်ဘာပင်များ ရောဂါကျရောက်မှုနည်းပါးစေရန် မျိုးကောင်းမျိုးသန့်များကို စနစ်တကျ ရွေးချယ်စိုက်ပျိုးသင့်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တချို့မှိုရောဂါတွေ ကျရောက်တဲ့အခါ စိုက်ခင်းတွေမှာ drone နဲ့ ဆေးဖြန်းမှ ရမှာမို့ ကုန်ကျစရိတ် မတတ်နိုင်ကြဘူး။ ဒါကြောင့် ရောဂါဒဏ်ကိုခံနိုင်တဲ့ BPM-24 မျိုးကို စိုက်ကြဖို့ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ အကြံပေးတာပါ။ ရော်ဘာမျိုးအတော်များများမှာ ကျရောက်တတ်တဲ့ တချို့ရောဂါပိုးတွေကိုတောင် BPM-24 ကတော့ တစ်ခြားမျိုး‌တွေထက် ခံနိုင်ရည်ရှိပါတယ်။

ဟု စိုက်ပျိုးရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူး ဦးဝင်းဇော် က ပြောသည်။

    မိုးဦးကာလတွင် ကျရောက်လေ့ရှိသည့် သီးပုပ်ရွက်ကြွေရောဂါ (Phytophthora spp.) ကဲ့သို့ မှိုရောဂါမျိုး ကျရောက်ပါက မှိုမျှင်များမှ ရွက်ညှာကို အဓိကကျရောက်လေ့ရှိပြီး၊ မျိုးစေ့မအောင်သည်အထိ ဖြစ်ပွားတတ်ကြောင်း သိရသည်။

ဒီလိုရောဂါမျိုးဆိုရင် ရော်ဘာမျိုးစေ့ စုဆောင်းသူတွေကြောက်တဲ့၊ ဆိုးဝါးတဲ့ ‌အပင်ရောဂါပါ။ မှိုရောဂါဆိုတော့ တစ်ခါကျပြီးရင် မပျောက်တော့ဘူး။ အခြေအနေပေးတဲ့ ရာသီဥတုမျိုးရောက်ရင် ရောဂါပြန်ကျလာတာပါဘဲ။ တောထဲမှာ ဖက်စွပ်မှိုတို့၊ တောင်ပို့မှိုတို့ နှစ်စဉ် သူ့ရာသီရောက်ရင် အလိုလိုပေါက်တဲ့ သဘောမျိုးပါဘဲခင်မျ။ ဒါကြောင့် သီးနှံပင်တွေတိုင်းမှာ ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်ရှိတဲ့မျိုးတွေကို ပြောင်းလဲစိုက်ကြဖို့ ပညာပေးကြတာပါ။ မျိုးကောင်းမျိုးသန့်စိုက်ပျိုးတာက ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်တဲ့ နည်းတစ်ခုပါပဲ။

ဟု ဦးဝင်းဇော် က ဆက်လက်ပြောသည်။

    မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုမှာ ၁၉၈၅ ခုနှစ်မှစတင်၍ တစ်စစ တိုးတက်လာခဲ့ပြီး၊ ရော်ဘာစိုက်ဧက ၁၄ သိန်းဝန်းကျင်မှ ရော်ဘာစေး တန်ချိန် မက်ထရစ်တန် (၈၀၀၀) ခန့် အထိ ထုတ်လုပ်တင်ပို့ရောင်းချနေကြောင်း သိရသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်