ဖုန်းတစ်လုံး ဝယ်မယ်ဆိုရင် ဘာတွေသိထားရမလဲ 

31/08/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

     “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဘယ်လိုအချိန်မှာ ဖုန်းအသစ်ဝယ်သင့်တယ် ဆိုတာ မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ တောင်သူဦးလေး ဒေါ်လေးတို့ ဖုန်း အသစ်တစ်လုံး ဝယ်မယ်ဆို စဉ်းစားသင့်တဲ့ အချက် လေးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။ လေ့လာကြည့်ရအောင်လား ခင်ဗျ။ 

၁။ မျက်နှာပြင်အမျိုးအစား

     မျက်နှာပြင် အမျိုးအစား မကောင်းရင် ရေရှည်သုံးဖို့ အဆင်မပြေနိုင်ပါဘူး။ မျက်လုံးထိခိုက်နိုင်ခြေလည်း ပိုများတဲ့အပြင် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ကြည့်ရတာလည်း အဆင်မပြေနိုင်တဲ့ အတွက် မျက်နှာပြင် အမျိုးအစားလေးကို သေချာကြည့် သင့်ပါတယ် ခင်ဗျ။  

၂။ ဘက်ထရီ 

      ဖုန်းတစ်လုံးအတွက် ဘက်ထရီက သိပ်အရေးပါပါတယ်။ ဘက်ထရီ သိုလှောင်နိုင်မှု နည်းတဲ့အခါ အားကုန်လွယ်ပြီး အလုပ်မတွင်နိုင်ပါဘူး။ ဖုန်း မကြာခဏ သုံးနေတတ်တဲ့သူ ဆိုရင်တော့ သိုလှောင်မှု ပမာဏများတာကို ရွေးသင့်ပါတယ်။ 

၃။ သိုလှောင်မှု

     အရေးပါဆုံးလို့တောင် ပြောလို့ရလောက်ပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ တခြားဖိုင်တွေ အစရှိသဖြင့် မျိုးစုံကို တစ်နေရာထဲ သိမ်းဆည်းနိုင်ဖို့အတွက် သိုလှောင်မှု ပမာဏများတဲ့ ဖုန်းတစ်လုံးလိုပါတယ်။ 

၄။ RAM (ရမ်) 

     RAM နည်းတဲ့ဖုန်းတစ်လုံးက အလုပ် လုပ်ဆောင်မှု နှေးကွေးနိုင်ပါတယ်။ RAM ပမာဏနည်းတာက အလုပ်လုပ်ရတဲ့နေရာ ကျဉ်းတယ်ဆိုတဲ့သဘောနဲ့ ဆင်တူတာကြောင့် RAM ပမာဏကိုလည်း စစ်ဆေးပြီး ရွေးချယ်နိုင်ပါတယ် ခင်ဗျ။

၅။ ကင်မရာ

     ယနေ့ခေတ်မှာ ဖုန်းကင်မရာကို အလေးထား ဝယ်ယူလာကြတာကို တွေ့ရပါတယ်။ ကိုယ်က ဓာတ်ပုံရိုက်ရတာကို ကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ ကင်မရာ ပိုကောင်းတဲ့ဖုန်းကိုဝယ်ဖို့ အကြံပြုချင်ပါတယ်။ ဝယ်ပြီးရင်တော့ စိုက်ခင်းရဲ့ ပုံလေးတွေ၊ ပိုး ရောဂါ ကျနေတာလေးတွေ ဓာတ်ပုံရိုက်ပြီး အစိမ်းရောင်လမ်းရဲ့ အမေးအဖြေမှာ ဦးလေး ဒေါ်လေးတို့ သိချင်တာလေးတွေလည်း မေးလို့ရပါတယ်နော်။ ဒီလောက်ဆိုရင် ဖုန်းမဝယ်ခင်မှာ သိထားသင့်တဲ့ အခြေခံအချက်လေးတွေကို နားလည်သွားမယ်လို့ ယုံကြည်ပါတယ်။ နောက်တစ်ပတ် ပြန်လည်ဆုံတွေ့ပါမယ် ခင်ဗျ။ 

     ယခင်တစ်ပတ်ကဖော်ပြခဲ့တဲ့ ဘယ်လိုအချိန်မှာ ဖုန်းအသစ်ဝယ်သင့်တယ် ဆိုတဲ့ဆောင်းပါးလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

ဘယ်ချိန်မှာ ဖုန်းအသစ် ဝယ်သင့်လဲ

https://yoyarlay.com/   

 ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်