ဖုန်းတစ်လုံး ဝယ်မယ်ဆိုရင် ဘာတွေသိထားရမလဲ 

31/08/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

     “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဘယ်လိုအချိန်မှာ ဖုန်းအသစ်ဝယ်သင့်တယ် ဆိုတာ မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ တောင်သူဦးလေး ဒေါ်လေးတို့ ဖုန်း အသစ်တစ်လုံး ဝယ်မယ်ဆို စဉ်းစားသင့်တဲ့ အချက် လေးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။ လေ့လာကြည့်ရအောင်လား ခင်ဗျ။ 

၁။ မျက်နှာပြင်အမျိုးအစား

     မျက်နှာပြင် အမျိုးအစား မကောင်းရင် ရေရှည်သုံးဖို့ အဆင်မပြေနိုင်ပါဘူး။ မျက်လုံးထိခိုက်နိုင်ခြေလည်း ပိုများတဲ့အပြင် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ကြည့်ရတာလည်း အဆင်မပြေနိုင်တဲ့ အတွက် မျက်နှာပြင် အမျိုးအစားလေးကို သေချာကြည့် သင့်ပါတယ် ခင်ဗျ။  

၂။ ဘက်ထရီ 

      ဖုန်းတစ်လုံးအတွက် ဘက်ထရီက သိပ်အရေးပါပါတယ်။ ဘက်ထရီ သိုလှောင်နိုင်မှု နည်းတဲ့အခါ အားကုန်လွယ်ပြီး အလုပ်မတွင်နိုင်ပါဘူး။ ဖုန်း မကြာခဏ သုံးနေတတ်တဲ့သူ ဆိုရင်တော့ သိုလှောင်မှု ပမာဏများတာကို ရွေးသင့်ပါတယ်။ 

၃။ သိုလှောင်မှု

     အရေးပါဆုံးလို့တောင် ပြောလို့ရလောက်ပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ တခြားဖိုင်တွေ အစရှိသဖြင့် မျိုးစုံကို တစ်နေရာထဲ သိမ်းဆည်းနိုင်ဖို့အတွက် သိုလှောင်မှု ပမာဏများတဲ့ ဖုန်းတစ်လုံးလိုပါတယ်။ 

၄။ RAM (ရမ်) 

     RAM နည်းတဲ့ဖုန်းတစ်လုံးက အလုပ် လုပ်ဆောင်မှု နှေးကွေးနိုင်ပါတယ်။ RAM ပမာဏနည်းတာက အလုပ်လုပ်ရတဲ့နေရာ ကျဉ်းတယ်ဆိုတဲ့သဘောနဲ့ ဆင်တူတာကြောင့် RAM ပမာဏကိုလည်း စစ်ဆေးပြီး ရွေးချယ်နိုင်ပါတယ် ခင်ဗျ။

၅။ ကင်မရာ

     ယနေ့ခေတ်မှာ ဖုန်းကင်မရာကို အလေးထား ဝယ်ယူလာကြတာကို တွေ့ရပါတယ်။ ကိုယ်က ဓာတ်ပုံရိုက်ရတာကို ကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ ကင်မရာ ပိုကောင်းတဲ့ဖုန်းကိုဝယ်ဖို့ အကြံပြုချင်ပါတယ်။ ဝယ်ပြီးရင်တော့ စိုက်ခင်းရဲ့ ပုံလေးတွေ၊ ပိုး ရောဂါ ကျနေတာလေးတွေ ဓာတ်ပုံရိုက်ပြီး အစိမ်းရောင်လမ်းရဲ့ အမေးအဖြေမှာ ဦးလေး ဒေါ်လေးတို့ သိချင်တာလေးတွေလည်း မေးလို့ရပါတယ်နော်။ ဒီလောက်ဆိုရင် ဖုန်းမဝယ်ခင်မှာ သိထားသင့်တဲ့ အခြေခံအချက်လေးတွေကို နားလည်သွားမယ်လို့ ယုံကြည်ပါတယ်။ နောက်တစ်ပတ် ပြန်လည်ဆုံတွေ့ပါမယ် ခင်ဗျ။ 

     ယခင်တစ်ပတ်ကဖော်ပြခဲ့တဲ့ ဘယ်လိုအချိန်မှာ ဖုန်းအသစ်ဝယ်သင့်တယ် ဆိုတဲ့ဆောင်းပါးလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

ဘယ်ချိန်မှာ ဖုန်းအသစ် ဝယ်သင့်လဲ

https://yoyarlay.com/   

 ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်