မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံကို တရားဝင်တင်ပို့နိုင်ရေးအတွက် စာချုပ်ချုပ်ဆိုသွားမှာဖြစ် ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရပါတယ်။
ထိုင်းနိုင်ငံကို အစေ့ထုတ်ပြောင်း အကန့်အသတ်မရှိ တင်ပို့နိုင်ရေးအတွက် စာချုပ်ချုပ်ဆိုသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ ဥက္ကဌဦးမင်းခိုင်က ပြောပါတယ်။
ထိုင်းနိုင်ငံကို လအကန့်အသတ်မရှိ တင်ပို့နိုင်ရေးအတွက် အခုလာမယ့် (၃၀) ရက်နေ့မှာ တင်သွင်းခွင့်ရဖို့အတွက် MoU စာချုပ်ချုပ်တာပါ။ စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက်လည်းသဘောတူညီမှုတွေ ညှိနှိုင်းဦးမယ်။ စာချုပ်ချုပ်ပြီးသွားရင်တော့ တင်သွင်းခွင့်ရမှာပါ။ ကုန်သည်အစုအဖွဲ့အသင်းကြီးကနေ တာဝန်ခံပြီးတော့ပြန်ဝယ်မှာ
ထိုင်းနိုင်ငံကို အစေ့ထုတ်ပြောင်းတင်ပို့နိုင်ရေးအတွက် နှစ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းနဲ့ ထိုင်းနိုင်ငံကုန်သည်အစုအဖွဲ့အသင်းကြီးတို့မှ သဘောတူစာချုပ် ချုပ်ဆိုသွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။
အစေ့ထုတ်ပြောင်းကို တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကို တင်ပို့နေတာဖြစ်ပြီး အခုလက်ရှိအချိန်မှာ တရုတ်နိုင်ငံရဲ့ ပေါ်လစီများကြောင့် တင်ပို့ခွင့်မရရှိသေးတာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ ပြောင်လုပ်ငန်းအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more