လွယ်ကူရိုးရှင်းတဲ့ အစိမ်းရောင်မှတ်တမ်း အသုံးပြုပုံ အဆင့်ဆင့် 

06/07/2021 20:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အစိမ်းရောင်လမ်း ရဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ အစိမ်းရောင်မှတ်တမ်း စနစ် နဲ့ တောင်သူများကို မိတ်ဆက်ပေးပါရစေ။ 

အစိမ်းရောင်မှတ်တမ်း ဆိုတာဟာ သီးနှံတစ်ခုကို စတင် စိုက်ပျိုးချိန်မှ ရိတ်သိမ်းရောင်းချချိန်အထိ မိမိစိုက်ခင်း၏ လုပ်ငန်းဆောင်ရွက်ချက် အဆင့်ဆင့်အား စနစ်တကျမှတ်သားခြင်းဖြင့် ရာသီပိတ်သိမ်းသော အခါ စိုက်ခင်းရဲ့ စုစုပေါင်းကုန်ကျစရိတ်၊ မိသားစုလုပ်အား ပါဝင်မှုနှင့် အထွက်နှုန်းတို့ သိရှိနိုင်ရန် ရည်ရွယ်ပြီး ဖန်တီးထားတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။  ထိုကဲ့သို့ သိရှိရပါက မိမိ စိုက်နည်းစနစ် မှန်ကန်မှုကို ထိန်းကြောင်းယုံသာမက အထွက်နှုန်းကောင်းပြီး စရိတ်နည်းသော စနစ်ကို အသုံးချမိပြီးသား ဖြစ်စေမည် ဖြစ်ပါသည်။

အစိမ်းရောင်မှတ်တမ်း ကို အသုံးပြုမယ်ဆိုရင် တောင်သူများအနေနဲ့ မိမိ စိုက်ခင်း၏ တစ်နေ့တာကုန်ကျစရိတ်၊ လုပ်အားခ၊ ထည့်သွင်းလိုက်သော သွင်းအားစုများ စသည်တို့ကို မှတ်တမ်းထားရှိနိုင်မှာ ဖြစ်ပါတယ်။  

အစိမ်းရောင်မှတ်တမ်း အသုံးပြုခြင်းအားဖြင့် တောင်သူများဟာ သီးနှံစိုက်ခင်း၏ တစ်ရာသီ ကုန်ကျစရိတ်အား အတိအကျသိရှိနိုင်ခြင်း၊ သီးနှံ၏ အထွက်နှုန်းအား မှတ်တမ်းထားနိုင်ခြင်း၊ အကျိုးအမြတ်အား သိရှိနိုင်ခြင်း၊ သီးနှံစိုက်ခင်း၏ မှတ်တမ်းမှတ်ရာများ စနစ်တကျရှိနေခြင်းကြောင့်  သီးနှံရောင်းချရာတွင် ဈေးကောင်းပိုရနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည်။ 

အစိမ်းရောင်မှတ်တမ်း အားအသုံးပြုရန်အတွက် အောက်ဖော်ပြပါ လုပ်ဆောင်ချက်များအတိုင်း လိုက်ပါလုပ်ဆောင်နိုင်ပါသည်။ 

 

ထို့နောက် လုပ်အားခတွင် လူငှားခ၊ ကျွဲနွားငှားခနှင့် မိသားစုဝင် တို့၏ လုပ်အားခကိုပါ ထည့်သွင်းပေးပါ။ 

တောင်သူ ဦးကြီး၊ ဒေါ်လေးတို့ အဆင်ပြေစွာ အစိမ်းရောင်မှတ်တမ်းကို အသုံးပြုနိုင်ပါပြီဗျ။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်