ကြက်ဥထုတ်လုပ်မှု တိုးတက်လာတဲ့ စင်ကာပူ

04/06/2024 16:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

စင်ကာပူနိုင်ငံရဲ့ ကြက်ဥထုတ်လုပ်မှုဟာ ၂၀၂၃ ခုနှစ်မှာ ၂၀၂၂ ခုနှစ်ထက် ၁၂ ရာခိုင်နှုန်း တိုးလာတယ် ဆိုတဲ့သတင်းဟာ စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ 

စင်ကာပူနိုင်ငံဟာ အရှေ့တောင်အာရှမှာ စားနပ်ရိက္ခာ ထုတ်လုပ်နိုင်မှု အနည်းဆုံး နိုင်ငံဖြစ်ပြီး စားနပ်ရိက္ခာ လိုအပ်ချက်ရဲ့ ၉၀ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းရပါတယ်။ အဲဒီလို စားနပ်ရိက္ခာအတွက် ပြည်ပကို မှီခိုနေရတဲ့အပေါ် စင်ကာပူအစိုးရနဲ့ ပြည်သူတွေက စိတ်မသက်မသာ ဖြစ်နေခဲ့တာကြာပါပြီ။ အထူးသဖြင့် ကိုဗစ် - ၁၉ ကပ်ရောဂါကာလမှာ တစ်ကမ္ဘာလုံး ကူးသန်းရောင်းဝယ်ရေးဆက်ကြောင်းတွေ ပြတ်တောက်သွားပြီး၊ စားသောက်ကုန်တွေ အချိန်မီ တင်သွင်းဖို့ အခက်တွေ့ခဲ့ရရတာက စင်ကာပူရဲ့ စားနပ်ရိက္ခာဖူလုံရေးအပေါ်  စိုးရိမ်စိတ်ကို ပိုမို ကြီးထွားစေခဲ့ပါတယ်။ 

ဒါကြောင့် စင်ကာပူဟာ စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး ပြည်ပကို အားကိုးရမှုကို လျှော့ချပြီး၊ ပြည်တွင်းမှာ တိုးချဲ့ထုတ်လုပ်ဖို့ ကြိုးစားလာပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်က "၂၀၃၀ ခုနှစ်မှာ စင်ကာပူရဲ့ စားနပ်ရိက္ခာ လိုအပ်ချက်ရဲ့ ၃၀ ရာခိုင်နှုန်းကို စင်ကာပူနိုင်ငံထဲမှာပဲ ထုတ်လုပ်နိုင်ရေး" ဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်ကို "30 by 30" လို့ ခေါ်ပါတယ်။

စင်ကာပူရဲ့ ကြက်ဥလိုအပ်ချက် ၂၈ ရာခိုင်နှုန်းကို ပြည်တွင်းမှာထုတ်လုပ်ပြီး၊  ကျန်တဲ့ ကြက်ဥ ၇၂ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းရတာ ဖြစ်ပါတယ်။  အထူးဂဖြင့်တော့ မလေးရှားကနေ တင်သွင်းတာပါ။ ဩစတေးလျ၊ ဂျပန် နဲ့ နယူးဇီလန် တို့ကနေလည်း ပမာဏ အနည်းငယ် တင်သွင်းပါတယ်။ 

အခုကြားသိရတဲ့ ကြက်ဥထုတ်လုပ်မှု ၁၂ ရာခိုင်နှုန်းတိုးတက်လာတယ် ဆိုတဲ့သတင်းဟာ စင်ကာပူအနေနဲ့ သူ့ရဲ့ရည်မှန်းချက်ကို ပြည့်မီအောင် အာရုံစိုက်ကြိုးပမ်းနေကြောင်း ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ စင်ကာပူ စားနပ်ရိက္ခာ အေဂျင်စီ (Singapore Food Agency) ရဲ့ ကိန်းဂဏန်းတွေအရ၊ ကြက်ဥအလုံးပေါင်း ၆၈၅ သန်း ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ပြည်တွင်းစားသုံးမှုရဲ့ ၂၉ ရာခိုင်နှုန်းခန့် ရှိတယ်လို့ သိရပါတယ်။ 

၂၀၂၀ ခုနှစ်မှာ စင်ကာပူနိုင်ငံသား တစ်ဦးရဲ့ ကြက်ဥစားနှုန်းဟာ ၃၈၈ လုံး ရှိခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ ကြက်ဥ အလုံးပေါင်း ၂.၂၁ ဘီလီယံ စားသုံးခဲ့တာ ဖြစ်ပါတယ်။ 

စင်ကာပူရဲ့ ပြည်တွင်းကြက်ဥထုတ်လုပ်မှုကို ဥစားကြက်ခြံ ၃ ခြံက တာဝန်ယူထားတာ ဖြစ်ပါတယ်။ စတုတ္ထမြောက် ဥစားကြက်ခြံကို Lim Chu Kang မှာ တည်ဆောက်နေပြီး ၂၀၂၄ ခုနှစ်အတွင်းမှာ စတင်လည်ပတ်နိုင်ဖို့ ရည်မှန်းထားပါတယ်။ အဲဒီ ဥစားကြက်ခြံအတွက် ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရှိပြီး၊ လုပ်ငန်းတွေလည်ပတ်နိုင်ပြီဆိုရင် တစ်နှစ်ကို ကြက်ဥအလုံးရေ သန်း ၃၆၀ လောက် ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ခြံ ၄ ခြံစလုံး အပြည့်လည်ပတ် ထုတ်လုပ်နိုင်ပြီဆိုရင် ပြည်တွင်းစားသုံးမှုရဲ့ ၅၀ ရာခိုင်နှုန်း နီးပါးကို ပြည်တွင်းမှာပဲ ထုတ်လုပ်နိုင်တော့မယ့် အနေအထား ဖြစ်ပါတယ်။ 

ဒါပေမယ့် စိန်ခေါ်မှုတွေက ကြီးကြီးမားမား ရှိနေဆဲပါ။ တိုးတက်လာမယ့် ကြက်ကောင်ရေအတွက် ကြက်စာ လိုအပ်ချက်ကို ဘယ်လိုဖြည့်တင်းမလဲ ဆိုတဲ့ စိန်ခေါ်မှုပါ။ စင်ကာပူဟာ ဒီအခက်အခဲကို ဘယ်လိုကျော်လွှားမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်