အရေပြားပြဿနာ...ဝဲ

22/06/2021 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    ဒီလိုအချိန်ကာလကြီးမှာ ဝဲ ဆိုတဲ့ အရေပြားပြသနာကလည်း စိတ်ညစ်စရာပါ။ အကျဥ်းချုပ်‌ပြောရရင် အရေပြားကို လှေးကောင်သေး‌သေးလေးတွေ ကိုက်တာခံရပြီး သူတို့ဥတွေကနေမှတစ်ဆင့် ယားနာတွေ ဖြစ်တာမျိုးပါ။ အကောင်းဆုံးကတော့ ဆရာဝန်ဆီပြပြီး ဆေးကုသမှုခံယူသင့်တာပါ။ ဒါ‌ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်ခဲ့ရင် ကုသနိုင်မယ့် အိမ်တွင်းပစ္စည်းတွေကို ပြောပြပေးလိုက်ရပါတယ်။

၁။ လက်ဖက်စိမ်းဆီ

    လူသိများတဲ့ essential oil တစ်မျိုးပါ။ ဝဲကုသရာမှာ ထိရောက်မှုရှိပါတယ်။

၂။ ရှားစောင်း

    Smoothing gel ရယ်လို့ အသုံးများကြတဲ့ရှားစောင်းကို ဝဲအတွက်လည်း သုံးနိုင်ပါတယ်။ ဝဲကုသရာမှာသုံးတဲ့  Benzyl Bezonate လို့ခေါ်တဲ့ဆေးတစ်မျိုးနဲ့ အာနိသင်တူပါတယ်။

၃။ တမာဆီ

    ပိုးသတ်နိုင်ပြီးရောင်ရမ်းမှုကို လျော့ချနိုင်တဲ့ အာနိသင်တွေပါဝင်နေပါတယ်။ ‌ဝဲ ပေါက်စေတဲ့ လှေးကောင်လေး‌တွေကို သေစေလို့ အကျိုးသက်ရောက်မှုကောင်းတဲ့ အိမ်တွင်းဆေးတစ်မျိုးပါ။ (ခွေးလေးတွေမှာပေါက်တဲ့ ဝဲကို‌ကုချင်ရင် တမာဆီပါတဲ့ ရှန်ပူနဲ့ ၂ ပတ်ဆက်တိုက် ရေချိုးပေးခြင်းဖြင့် သိသာတဲ့သက်သာမှုကို ရရှိပါတယ်တဲ့)

၄။ လေးညှင်းဆီ Clove oil

    လေ့လာမှုတစ်ခုမှာတော့ ‌ယုန်တွေ ဝက်တွေမှာ ပေါက်တဲ့ဝဲကိုတော့ လေးညှင်းဆီက ကောင်းကောင်းနိုင်တယ်လို့ဆိုပါတယ်။ လူမှာပေါက်တဲ့ ဝဲကိုတော့ ထိရောက်မှုမရှိပါဘူးတဲ့။

၅။ Cayenne pepper

    Cayenne pepper ဆိုတာကတော့ လွယ်လွယ်ပြောရရင် ငရုတ်မှုန့်ပါပဲ။ သက်သေပြထားတဲ့ အကျိုးသက်ရောက်မှုတွေမရှိပေမယ့် cayenne pepperက ဝဲ ကို ကုသနိုင်တယ်လို့ လူတွေက ယုံကြည်ကြပါတယ်။ လေ့လာမှုတစ်ခုမှာတော့ Cayenne pepper ထဲမှာပါတဲ့ capsaicin ဓာတ်က ယားတာကို သက်သာစေတယ်လို့ ဆိုပါတယ်။

၆။ နနွင်း

    နနွင်းကတော့ ဝဲကြောင့်ဖြစ်လာတဲ့လက္ခဏာတွေကို သက်သာစေတာပါ။ အရှင်းပျောက်ဖို့ဆိုရင်တော့ အခြားဆေးတွေ ထပ်လိုအုံးမှာပါ။

၇။ ဇင့် Zinc

    ဇင့် က ဝဲကို တိုက်ရိုက်ကုသတာမျိုးတော့မဟုတ်ပါဘူး။ ဝဲကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အရေပြားပိုးဝင်တာတွေကို ကာကွယ်ပေးတာမျိုးပါ။

၈။ ရေနွေးနဲ့ အဝတ်လျှော်ပါ

    အိမ်တွင်းပြုလုပ်နိုင်တဲ့ နောက်တစ်နည်းကတော့ ဝဲပေါက်ရာနေရာနဲ့ စပ်ဆက်ထိမိတဲ့ အဝတ်စ၊ အိပ်ယာ၊ အဝတ်အစား စတာတွေကို ရေနွေးနဲ့လျှော်ပါ။

၉။ အစွန်းချွတ်ဆေး

    အဝတ်လျော်တဲ့နေရာမှာ ထည့်သွင်းအသုံးပြုခြင်းဖြင့်လည်း ဝဲဆက်မပွားအောင် လုပ်နိုင်ပါတယ်။ အစွန်းချွတ်ဆေးကလည်း အိမ်သုံးပစ္စည်းတစ်မျိုးဖြစ်ပြီး လှေးကို ကောင်းကောင်းနိုင်ပါတယ်။ ပြင်းတဲ့ ဓာတုပစ္စည်းတွေဖြစ်လို့ အရေပြားကိုတိုက်ရိုက်မသုံးဘဲ အဝတ်လျှော်တဲ့အခါ သုံးလို့ရပါတယ်။

၁၀။ ပန်းသီးရှာလကာရည် 

    ပန်းသီးရှာလကာရည်ကလည်း ဝဲတွေကိုကုသနိုင်တယ်လို့ အများစုက လက်ခံထားကြပါတယ်။

    ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူတာက အကောင်းဆုံးဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲရှိတဲ့အခါ ဒီနည်းလမ်းတွေထဲက အဆင်ပြေရာကိုအသုံးချရင်း ကုသနိုင်ဖို့ ရေးသားဖော်ပြလိုက်ရပါတယ်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်