သရက်သီးရှားပါးချိန်ဖြစ်သဖြင့် သရက်ကင်းဈေးကွက် အရောင်းသွက်နေ

03/09/2020 13:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ယခုအချိန်သည် သရက်သီးရှားပါးလာသည့်အချိန်ဖြစ်သဖြင့် သရက်ကင်း (ငပိချက်ဖြင့် တို့မြှုပ်စားကြသည့် သရက်) ဈေးကွက်မှာ အရောင်းသွက်နေကြောင်း မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်မှ သရက်စိုက်တောင်သူများထံမှ သိရသည်။

ဝါဆိုလမှာ သီးတဲ့သရက်တွေကို အကင်းခူးရောင်းနေပါတယ်။ ကျွန်တော်တို့ အဖိုးအဖွားတွေလက်ထက်တုန်းကတည်းက စိုက်ထားခဲ့တဲ့ အပင်တွေဖြစ်ပါတယ်။  မြန်မာသရက် (ခေါ်) ဝါဆိုသရက်သီးပါ။ ကျွန်တော်တို့နယ်ဘက်မှာက နောက်စွဲ၊ နောက်သီးဆိုတာက မချစ်စုသီးနဲ့ ဝါဆိုသီးလို့ လူသိများတဲ့အသီးတွေက သရက်အကင်းအနေနဲ့ စားကောင်းတော့ ရောင်းချရတာလည်း မြန်ပါတယ်။

ဟု မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်မှ သရက်စိုက်တောင်သူ ကိုဇင်မင်း က ပြောသည်။

    ဒေသတွင်းဈေးကွက်၌ သရက်ကင်းတစ်လုံးလျှင် ၁၀၀ ကျပ်၊ တစ်ထုပ်လျှင် ၅၀၀ ကျပ် ဈေးများဖြင့် ရောင်းချနေ ကြောင်း သိရသည်။

သရက်ကင်းဈေးကွက်က  အခုနေ ထွက်ရှိတာနည်းသေးလို့ ရွာဈေးတန်းတွေနဲ့ ပလိပ်ဈေးကိုပဲ ရောင်းဖြစ်တာပါ။  ဈေးက သရက်သီးရှားတဲ့အချိန်လေးဖြစ်တာမို့လို့ အရောင်းလို့သွက်နေပါတယ်ခင်ဗျ။

ဟု ကိုဇင်မင်း က ဆက်လက်ပြောသည်။

    သရက်ပင်များသည် သရက်ပေါ်ချိန်မှာတစ်ခါသီးပြီး သရက်သီးအစေ့ရှပ်ချိန်မှာ ပန်းတစ်ကြိမ်ပြလေ့ရှိသည်။ ရှေ့အသီးမှည့်ချိန်၌ အလယ်သီးများက အစေ့ရှပ်လေ့ရှိပြီး၊ ထို့နောက်တွင် ပန်းတစ်ကြိမ်ထပ်ပြသည်။ အဆိုပါ ဒုတိယပန်းပြသည့်အချိန်မှာ ဝါဆိုလဖြစ်သည့်အတွက်ကြောင့် “ဝါဆိုသီး” ဟု ခေတ်အဆက်ဆက်က ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်သည်။

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်