“ငါးတံခွန်ငါး (small head ribbon fish)”

23/11/2020 11:45 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

       ငါးတံခွန်ငါးမှာ ခန္ဓာကိုယ်သေးသွယ်ပြီး ကြိုးပြားပုံသဏ္ဍာန်မျိုး ရှိကြသည်။ အရောင်မှာ ငွေမှင်ရောင် တောက်ပသည်။ ဆူးတောင်မွှားမွှားလေးများသည် တဆက်တည်းဖြစ်နေပြီး မေးရိုးမှာ ရှည်၍ ချွန်ထွက်လျှက်ရှိသည်။ အမြီးဆူးတောင်မရှိဘဲ အမြီးသည် ဆံခြည်မျှင်ကဲ့သို့ သေးသေးမျှင်မျှင်ဖြစ်သည်။ ပါးဟက်ဝကျယ်ပြီး ဦးခေါင်းဘေးတွင် မျက်စိရှိသည်။ ကိုယ်၌ အကြေးခွံလေးများရှိကြသည်။

    ငါးတံခွန်ငါးကို အချို့ဒေသတွင် “ငါးသရွှဲ” ဟုလည်း ခေါ်ဝေါ်ကြသည်။ အင်္ဂလိပ်အခေါ်မှာ small head ribbon fish (or) small head-hairtail ဟုသိရပါသည်။ ထိုမျိုးစိတ်ကို အိန္ဒိယသမုဒ္ဒရာ၊ အနောက်ပစိဖိတ် သမုဒ္ဒရာ စသည်တို့တွင် တွေ့ရှိရပြီး ရေအနက် မီတာ (၁၀၀) တွင် နေထိုင်ကျက်စားတတ်ကြသည်။ ခန္ဒာကိုယ် `အမြင့်ဆုံးအလျား (၁၀၀) စင်တီမီတာ အထိရှိကြပြီး အလေးချိန်အားဖြင့် (၁၁) ကီလိုဂရမ် ရှိကြကြောင်း မှတ်တမ်းများအရ သိရပါသည်။ ညဘက်တွင် ငါးတံခွန်ငါးများမှာ ရေမျက်နှာပြင်ပေါ်သို့ တက်လာကြပြီး ငါးငယ်များ၊ အခွံမာပုစွန်များကို စားလေ့ရှိကြသည်။

     ငါးတံခွန်ငါးများမှာ ပင်လယ်ငါးတစ်မျိုးဖြစ်ပြီး အဆီပါဝင်မှု နည်းသည့် ငါးများတွင် ငါးတံခွန်ငါးများလည်း ပါဝင်ပါသည်။ ငါးပိရည်ကျိုပြုလုပ်ရာ၌ ငါးတံခွန်ငါးများကို အသုံးပြုကြသလို “ငါးတံခွန်ခြောက်” မှာလည်း လူကြိုက်များလှပါသည်။ ငါးတံခွန်ခြောက်ကို ကြော်စား၊ ဖုတ်စား၊ မီးကင်ပြီး ငါးပိနှင့် တို့စားကြသလို မီးကင်၊ ဆီဆမ်းပြီး ကောက်ညှင်းပေါင်း ပူပူလေးနှင့်လည်း တွဲဖက်စားကြသည်သာမက ငါးမုန့်ကဲ့သို့ ကြော်ကာ ရေနွေးနှင့် သရေစာအဖြစ်လည်း စားလေ့ရှိကြပါသည်။

     ငါးတံခွန်ခြောက်မှာ အငန်ပေါ့ပြီး အချိုဓာတ်များသဖြင့် ငါးခြောက်ထောင်းကြော် ပြုလုပ်ရာ၌ ကောင်းမွန်ပေသည်။ ငါးခြောက်ထောင်းကြော် ပြုလုပ်ရာတွင် ငါးတံခွန်ခြောက်၊ ကြက်သွန်ဖြူ/နီ၊ ဆီ၊ နနွင်းတို့ လိုအပ်ပါသည်။

     () ငါးတံခွန်ခြောက်ကို ညဦးကတည်းက ရေစိမ်ထားပြီး နံနက်လင်းပါက ရေမှဆယ်ကာ မီးဖိုပေါ် ဒယ်အိုးတင်ပြီး ရေနွေးဆူဆူဖြင့် ပြုတ်ရပါသည်။

     () ရေခမ်းလုနီးအောင် ပြုတ်ပြီးသောအခါ ဆန်ကာဖြင့်ဆယ်၊ ရေစစ်ပြီး အသားချည်းဖဲ့ကာ ဆုံဖြင့် ညက်အောင်ထောင်းရပါသည်။

     () ထို့နောက် ဇလုံတစ်လုံးတွင် ထောင်းထားသော ငါးခြောက်ကိုထည့်ကာ နနွင်းထည့်၍ နှံ့အောင် နယ်ရပါသည်။

     () အားလုံးပြီးစီးပါက ဒယ်အိုးတွင် ဆီထည့်ပြီး ဆီသေပါက ပါးပါးလှီးထားသော ကြက်သွန်ဖြူ/နီကို ထည့်၍ကြော်ပါ။ ကြက်သွန်များ ရွှေရောင်သန်းလာပါက ဆယ်ယူပြီး ဆီကျန်၌ အသင့်ထောင်းထားသော ငါးခြောက်များကိုထည့်ကာ မွှေ၍ ကြော်ရပါသည်။     

() ငါးခြောက်ထောင်းကြော် ကျက်ပါက ဆီစစ်ပြီး ကြက်သွန်ဖြူ/နီကြော်ကို ဖြူး၍ နှံ့အောင်မွှေကာ စားသုံးနိုင်ပါပြီ။ ကြက်သွန်နီကြော်များလေ ငါးခြောက်ထောင်းကြော် ပို၍ ချိုလေ ဖြစ်ပါသည်။

ငါးတံခွန်ငါး၏ အသေးစိတ်ဖော်ပြချက် (specification) မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Phylum (မျိုးပေါင်းစု) – Chordata

Class (အမျိုးအစား) – Actinopterygii

Order (မျိုးစဉ်) – Perciformes

Family (မျိုးရင်း) – Trichiuridae

Genus (မျိုးစု) – Lepturacanthus

Species (မျိုးစိတ်) – L. savala

ပင်လယ်ပြာ (ငါးဦးစီး)

 

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်