ကလေးမြို့နယ်မှ ငါးမြစ်ချင်းကျပ်တိုက်အတွက် တန်ဖိုးကွင်းဆက်ဆန်းစစ်မှု

07/01/2021 14:30 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

    Chinbridge Institute သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ ငါးမြစ်ချင်း ကျပ်တိုက်လုပ်ငန်းနှင့် ပတ်သက်သည့် တန်ဖိုးကွင်းဆက်များအား လေ့လာဆန်းစစ်မှု (stacked value chain analysis) တစ်ခုကို ဆောင်ရွက်ခဲ့ပါသည်။ ထိုဆန်းစစ်မှုကို MYSAP ၏ စီမံကိန်း တစ်ခုဖြစ်သည့် ကုန်းတွင်းပိုင်းအစီအစဉ်နှင့် ၂၀၂၀ ပြည့်နှစ် မတ်လမှ ဇွန်လအထိ လုပ်ငန်းနှင့်ပတ်သက်သည့် သဘောတူညီစာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ stacked value chain analysis (SVCA) နည်းလမ်းတွင် အရည်အသွေးစံပြုနှင့် အရေအတွက်စံပြု နည်းစနစ်များကို အသုံးပြုပြီး Dakshin Foundation၊ Dried Fish Matters အစီအစဉ်နှင့် Royal Tropical Institute (KIT) တို့မှ မေးခွန်းလွှာများကို လိုက်လျောညီထွေပြင်ဆင်၍ အသုံးပြုထားပါသည်။

SVCA ဆန်းစစ်လေ့လာမှု၏ အဓိကတွေ့ရှိချက်များမှာ

  • ကလေးမြို့နယ်ရှိ ချင်း သို့မဟုတ် မီဇိုတိုင်းရင်းသားများလုပ်ကိုင်သည့် ငါးမြစ်ချင်းကျပ်တိုက်စင် (၇) ခုမှ ခန့်မှန်းခြေ ငါးမြစ်ချင်းကျပ်တိုက် ၄၀၁ ပိဿာ (၆၅၄ ကီလိုဂရမ်) အား ငါးမြစ်ချင်းငါးအစို ၁၆၀၅ ပိဿာ (၂၆၁၆ ကီလိုဂရမ်) (တစ်ပိဿာလျှင် မြန်မာကျပ် ၃၂၀၀) မှ နေ့စဉ် ပြုပြင်ထုတ်လုပ်လျက်ရှိပါသည်။
  • ငါးမြစ်ချင်းကျပ်တိုက် ၉၀% ကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ စျေးနှုန်းအာမခံချက်ရှိသည့်အတွက် တင်ပို့ရောင်းချပြီး ကလေးမြို့နယ်၏ ငါးမြစ်ချင်းကျပ်တိုက်လုပ်ငန်းသည် တစ်နှစ်လျှင် မြန်မာကျပ် ၂ ဘီလျှံ (တစ်နှစ်လျှင် € ၁.၃ သန်း) တန်ဖိုးရှိပါသည်။
  • လက်ရှိ ထိုဒေသတွင် တည်ဆောက်လုပ်ကိုင်နေသော ငါးကျပ်တိုက်စင်များသည် လောင်စာအလေအလွင့်များခြင်း၊ ကျပ်တိုင်စင်၏ ဒီဇိုင်းပုံစံသည် အလုပ်လုပ်သောဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးရှုထောင့်မှကြည့်လျှင် သင့်လျော်မှုမရှိခြင်း၊ ထုတ်ကုန်များ၏အရည်အသွေး တစ်သမတ်တည်းရှိမှု၊ အရည်အသွေးကျဆင်းမှုမရှိဘဲ ထားသိုနိုင်သည့် သက်တမ်းတို့နှင့် စပ်လျဉ်းသည့်ကိစ္စများ၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ အခြေခံအလေ့အထများ တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ရန် လိုအပ်နေသည့် ကိစ္စများကို တွေ့ရှိရပါသည်။

    အထက်ဖော်ပြပါကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် MYSAP သည် ယခုအခါ ကလေးမြို့နယ်တွင် FAO FTT Thiaroye အဆင့်မြင့်ကျပ်တိုက်စင် (၂) ခု တည်ဆောက်ခြင်းနှင့် စမ်းသပ်သုံးစွဲခြင်း ရှေ့ပြေးစီမံချက်အတွက် ရန်ပုံငွေပံ့ပိုးရန်စီစဉ်နေပါသည်။ ထိုအဆင့်မြင့် ကျပ်တိုက်စင်မှ အောက်ပါအကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပါသည်။

၁) မည်သည့်ရာသီဥတုအခြေအနေတွင်မဆို မီးခိုးကျပ်တိုက်ခြင်းကိုဆောင်ရွက်နိုင်ခြင်း၊

၂) လောင်စာသုံးစွဲမှု သိသိသာသာလျော့နည်းစေပြီး မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု နည်းပါးခြင်း၊

၃) လက်ရှိတွင် ပင်ပန်းကြီးစွာ လုပ်ကိုင်နေရသည့် သမားရိုးကျကျပ်တိုက်စင်များထက် လုပ်အားစွမ်းရည်မြင့်မားပြီး ပို၍လွယ်ကူသက်သာစွာ လုပ်ကိုင်နိုင်ခြင်း၊

၄) ကျပ်တိုက်စင်လုပ်သားများနှင့် မိသားစုဝင်များအတွက် မီးခိုးရှူရှိုက်ရမှုနှင့် အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းများ ဖြစ်နိုင်ခြေအန္တရာယ်ကို လျှော့ချပေးခြင်း၊

၅) မီးခိုးကျပ်တိုက်သည့်ငါးများကို လက်ဖြင့်ကိုင်တွယ်၍ လှည့်ပေးရမှုနည်းပါးခြင်း၊

၆) ငါးမီးခိုးကျပ်တိုက်ရာတွင် အချိန်ကုန်သက်သာခြင်းနှင့် လူပင်ပန်းသက်သာခြင်း၊

၇) ထွက်ကုန်လေလွင့်မှုနည်းပါးခြင်း၊

၈) မီးခိုးကျပ်တိုက်ငါး၏ အရည်အသွေးမကျဆင်းဘဲ ထားသိုနိုင်သည့်သက်တမ်း ပိုမိုကြာမြင့်ခြင်း၊

၉) ကင်ဆာဖြစ်စေနိုင်သော polycyclic aromatic hydrocarbons (PAH’s) ပါဝင်မှုအဆင့် လျော့နည်းသွားခြင်းအပါအဝင် မီးခိုးကျပ်တိုက်ထားသော ထုတ်ကုန်ပစ္စည်း၏ အစားအစာဘေးအန္တရာယ်ကင်းရှင်းမှုအဆင့် တိုးတက်လာခြင်း၊

၁၀) အရည်အသွေးတစ်သတ်မတ်တည်းရှိပြီး အရသာပိုမိုကောင်းမွန်သည့် မီးခိုးကျပ်တိုက် ထုတ်ကုန်များထုတ်လုပ်နိုင်ခြင်း၊

၁၁) ထုတ်ကုန်အမျိုးအစားအမျိုးမျိုး တိုးချဲ့ထုတ်လုပ်နိုင်ပြီး ထုတ်ကုန်တန်ဖိုးမြှင့်တင်ပေးနိုင်သည့် အခွင့်အလမ်းရှိခြင်း၊

၁၂) ဟင်းချက်ဆီ သို့မဟုတ် ဆပ်ပြာထုတ်လုပ်ရာတွင် အသုံးပြုနိုင်သောအဆီကို စုဆောင်းရယူနိုင်ခြင်း၊

၁၃) ငါးကျပ်တိုင်စင်မှရရှိသည့် အကျိုးအမြတ် တိုးပွားစေခြင်း၊

    MYSAP ၏ FAO FTT Thiaroye အဆင့်မြင့်ကျပ်တိုက်စင်တည်ဆောက်ခြင်းနှင့် စမ်းသပ်သုံးစွဲခြင်း ရှေ့ပြေးစီမံချက်နှင့် စပ်လျဉ်းသည့် နောက်ဆုံးရအချက်အလက်များကို ဆက်လက်တင်ပေးသွားမည် ဖြစ်ပါသည်။

ယခုဆောင်းပါးကို MYSAP Inland မှ ပူးပေါင်းပါဝင်ပံ့ပိုးထားပါသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်