အလှကုန်ထုတ်လုပ်ငန်းအတွက်အသုံးဝင်တဲ့ ခရုအချွဲ

11/10/2021 13:00 PM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

    စိုက်ပျိုးရေးလုပ်ငန်းတွင် ဖျက်ပိုးအပြင် ခရုနှင့် ပက်ကျိများသည်လည်း တောင်သူများအား နှောင့်ယှက်သော အရာများဖြစ်ပါသည်။ မိုးရာသီတွင်အကျများကာ သီးနှံများကိုကိုက်ဖြတ်သော ခရုကြီးများကို အိမ်နီးချင်းနိုင်ငံများတွင် အလှကုန်အတွက်အသုံးချနေပြီဖြစ်ပါသည်။

    Giant African Snail ဟုခေါ်သည့် ထိုခရုများမှရသော အချွဲများကို စနစ်တကျထုတ်ယူကာ ထိုအချွဲကို အဆင့်ဆင့်သန့်စင်ပြီး မျက်နှာလိမ်း Snail cream များ snail slime ပါသော serum များပြုလုပ်နိုင်ပါသည်။ ထိုခရုကြီးများကို စနစ်တကျမွေးမြူကာ ထိုခရုများအား pipette ဖြင့် ရေစက်လေးများ တစ်စက်ချင်းချကာ ထိုအရည်ကိုပြန်ခံထား၍ မနာကျင်စေဘဲ အချွဲထုတ်နိုင်ပါသည်။ အချွဲများများရရန် ခရုများအား သက်တောင့်သက်သာ အခြေအနေရအောင်ထားရပါမည်။ သို့မှသာ ခရုများမှ အချွဲများစွာထွက်နိုင်မည်ဖြစ်၍ happy snail ဟု တင်စားကြပါသည်။ မိမိတို့နိုင်ငံတွင် ခရုအချွဲကို ဝယ်ယူသည့် စျေးကွက်ရှိပါက သို့မဟုတ် cosmetic များကိုယ်တိုင်ထုတ်နိုင်ပါက တောင်သူများအနေဖြင့် မိမိတို့သီးနှံတွင်ကျသောခရုများကို အကောင်လိုက်ရောင်းနိုင်သကဲ့သို့ အချွဲထုတ်ယူ၍လည်း ရောင်းနိုင်ပါသည်။ မိမိတို့ လယ်ယာလုပ်ငန်းလုပ်ကိုင်ရာတွင် ခရုများကို ခရုမွေးအိမ်ဖြင့် သီးခြားခွဲမွေးကာ အရွက်ကြမ်းများခရုကျွေး၍ integrated farming စနစ်အသွင် ပြုလုပ်နိုင်ပါသည်။

    ခရုမှရသော အချွဲသည် hyaluronic acid ပါသောကြောင့် အသားရည်ကို စိုပြည်စေပါသည်။ Vitamin A နှင့် E တို့သည် အသားရည်ကိုတင်းရင်းစေကာ အရေးကြောင်းများကို သက်သာစေပါသည်။ ဝက်ခြံများအထွက်များပါက ခရုအချွဲသည် ရောင်ရမ်းမှုသက်သာစေသော အရာများပါသောကြောင့် ဆရာဝန်ညွှန်ကြားပါက သုံးနိုင်ပါသည်။

    ခရုအချွဲကို ချီလီနိုင်ငံမှ စတင်တွေ့ရှိခဲ့ပါသည်။ ထိုနိုင်ငံမှ လယ်သမားမိသားစုသည် 1980 အစောပိုင်းကာလတွင် ခရုကို စားသုံးမှုအတွက် ဥရောပသို့တင်ပို့ရာမှ ခရုအချွဲများသည် အလုပ်ကြမ်းလုပ်ကိုင်ရသော ၎င်းတို့လက်ကို ပိုးသားကဲ့သို့ ချောမွေ့စေသည်ကို သတိပြုမိရာမှ နောက်ပိုင်းတွင် ကမ္ဘာ့နိုင်ငံ ၄၅ ခုသို့ အလှကုန်အတွက် တင်ပို့ခဲ့ပါသည်။ အ​ရှေ့တောင်အာရှတွင် ခရုအချွဲထုတ်လုပ်မှု၌ မလေးရှား၊ ထိုင်းနှင့် စင်ကာပူတို့ ထိပ်ဆုံးမှပါဝင်ပါသည်။ အာရှတွင်မူ ကိုးရီးယားနှင့် ဂျပန်သည် ခရုမှထုတ်သော အလှကုန်စျေးကွက်တွင် နာမည်ကြီးပါသည်။

    နောင်တစ်ချိန်တွင် တောင်သူများတွင် ခရုအချွဲကို ပြည်တွင်းအတွက်ဖြစ်စေ ပြည်ပသို့ဖြစ်စေ တင်ပို့နိုင်မည့်အခွင့်အလမ်းရှိလာခဲ့လျှင် တောင်သူများအသုံးချတတ်စေရန်ရည်ရွယ်၍ ရေးသားလိုက်ရပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်