မြေချဉ်ငံဓာတ်နှင့် အစိုဓာတ်ကို တိုင်းတာနိုင်သည့် ကိရိယာ ငှားရမ်း အသုံးပြုနိုင်

30/01/2016 11:14 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စာနပ်ရိက္ခာ ဖူလုံရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့၏ ဒေသဆိုင်ရာ ရုံးခွဲများမှာ မြေချဉ်ငံဓာတ်တိုင်း ကိရိယာတွေကို ၎င်း၏ အဖွဲ့ဝင်များကို ငှားရမ်းအသုံးပြုခွင့် ပြုထားပါတယ်။ မြေချဉ်ငံဓာတ်တိုင်း ကိရိယာမှ တစ်ဆင့် မြေကြီးအတွင်းရှိ ချဉ်ငံဓာတ် နှင့် အစိုဓာတ်များကို လွယ်ကူစွာ တိုင်းတာနိုင်ပါတယ်။ ထိုပစ္စည်းကို အိမ်တွင်းအိမ်ပြင် အပင်များ၊ ဥယျာဉ်ခြံများနှင့် သီးနှံစိုက်ခင်းများတွင် မြေကြီး၏ ချဉ်ငံဓာတ်၊ အစိုဓာတ် တိုင်းတာခြင်းများကို အသုံးပြုနိုင်မှာပါ။ ထို့ကြောင့် အသုံးပြုလိုသော အဖွဲ့ဝင်များအနေဖြင့် စာနပ်ရိက္ခာ ဖူလုံရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့၏ ဒေသဆိုင်ရာ ရုံးခွဲများသို့ သွားရောက်ပြီး အခမဲ့ ငှားရမ်း နိုင်ပါပြီ။ စာနပ်ရိက္ခာ ဖူလုံရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့၏ မူဝါဒများ အရ ဒေသတွင် အဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်သည့် အတွက်ကြောင့် စိုက်ပျိုးသူ တောင်သူများ အနေဖြင့် မိမိတို့ဒေသရှိ ဖွံ့ဖြိုးရေး အဖွဲ့စည်းများမှ တစ်ဆင့် ဆက်သွယ်ဆောင်ရွက်ရန် အကြံပြုလိုပါသည်။ 

စာနပ်ရိက္ခာ ဖူလုံရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့၏ ဒေသဆိုင်ရာ ရုံးခွဲများကို မကွေး၊ ဖျာပုံ နှင့် နောင်ခမ်း (ရှမ်းပြည်နယ်) တို့တွင် ဖွင့်လှစ်ထားကြောင်း သိရပါတယ်။ အဆိုပါ ကိရိယာကို ဝယ်ယူလိုပါက ရန်ကုန်မြို့ရှိ မြေပဒေသာကျွန်း၊ ကန်တော်ကြီးတွင် သွားရောက်ဝယ်ယူနိုင်ပါတယ်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်