ပုန်းရည်ကြီး ပြုလုပ်နည်း

07/03/2022 17:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ကျွန်မတို့ဒေသက အောက်ပြည်အောက်ရွာဆိုတော့ အထက်ဘက်က အစားအစာတွေ ရှားတယ်။  ငယ်ငယ် တုန်းကဆို နွေရာသီကာလတွေဆို အညာဒေသဘက်က ပုန်းရည်ကြီး၊ ဇီးထန်းလျက်၊ နို့မလိုင်လုံး ရောင်းတဲ့ စျေးသည်တွေလာရင် အပြေးအလွှား ဝယ်စားရတာမျိုး။ 

အဲ့ဒါတွေထဲက ပုန်းရည်ကြီးဆို အမျိုးမျိုး လုပ်စားဖြစ်တာ။ ပုန်းရည်ကြီးသုပ်၊ ပုန်းရည်ကြီးထမင်းသုပ်ဆို တခြား ဘာဟင်းမှမလိုလောက်အောင် ထမင်းစားမြိန်တာ။ ဝက်ပုန်းရည်ဟင်းဆိုရင်လည်း အရသာထူးလို့ ဟင်းကောင်း တစ်ခွက်ပဲ။ 

အဲ့အချိန်တုန်းကဆိုရင် ပုန်းရည်ကြီးစားချင်ရင် အညာဈေးသည်ကြီးတွေကြီးပဲ မျှော်ရတာပေါ့လေ။ အခုတော့ အလွယ်တကူဝယ်လို့ရနေပါပြီ။ 

ဒါပေမဲ့ ကျွန်မရဲ့ဝါသနာအရ ကိုယ်တိုင်လုပ်စားမှ သန့်ရှင်းလတ်ဆတ်ပြီး အရသာပိုတယ်ထင်မိတော့ တခြား ကိုယ့်လိုပဲလူတွေအတွက် ပုန်းရည်ကြီးလုပ်နည်းလေးနဲ့ သူ့ရဲ့အကျိုးကျေးဇူးတွေကို ဖော်ပြပေးချင်ပါတယ်ရှင့်။

ပုန်းရည်ကြီးကို အများအားဖြင့် ပဲပိစပ် ကနေ ပြုလုပ်ကြပါတယ်။ တခြားပဲအမျိုးမျိုးတွေနဲ့လည်း ပုန်းရည်ကြီးကို လုပ်လို့ ရပါတယ်။

ပြုလုပ်နည်းကတော့ ..

(၁) ပထမဆုံး ပဲပိစပ်တွေကို ရေနဲ့စင်ကြယ်အောင် အကြိမ်ကြိမ်ဆေးရပါမယ်။ 

(၂) ပြီးရင် အိုးကြီးကြီးတစ်လုံးထဲကို ရေစင်အောင်ဆေးထားတဲ့ ပဲပိစပ် ၁ ဆ၊ ရေ ၃ ဆ ထည့်ပြီး ပြုတ်ရပါမယ်။

(၃) ပဲတွေနူးအိလာပြီဆိုရင် ဆယ်ယူပါ။ အိုးထဲကျန်ခဲ့တဲ့အရည်တွေကိုတော့ စဉ့်အိုးထဲ လောင်းထည့်ပြီး အချဉ် ဖောက်ပါမယ်။

(၄) အချဉ်ပေါက်ဖို့အတွက် ပုံမှန်အားဖြင့် ၅ ရက်ကနေ ၇ ရက်လောက်အထိထားလေ့ရှိပြီး အချဉ်အရသာ ပိုကြိုက်ရင်တော့ ရက်ကြာကြာ ထားနိုင်ပါတယ်။

(၅) ဒီလိုအချဉ်ပေါက်လာတဲ့ ပဲရည်ကို ဒယ်အိုးထဲထည့်ပြီး မီးဖိုပေါ်တင် ပြန်ကျိုရပါတယ်။ ပြန်ကျိုတဲ့အခါမှာ ယောင်းမနဲ့ အဆက်မပြတ်မွှေပေးရပါတယ်။ မွှေတဲ့အခါမှာ လည်း ဒယ်အနှံ့သမအောင် မွှေဖို့လိုပါတယ်။

(၆) မွှေရင်းမွှေရင်းနဲ့ သင့်တော်တဲ့အပျစ် အနေထားရောက်ပြီလို့ ခန့်မှန်းရတဲ့အခါမှာ ဒယ်အိုးကို မီးဖိုပေါ်ကချပြီး အသင့်ဆေးထားတဲ့ မြူအိုး သို့မဟုတ် လေလုံတဲ့အိုး တစ်ခုခုထဲကို ခပ်ထည့်လိုက်ပါ။ ဒါဆိုရင် ပုန်းရည်ကြီး ရပါပြီရှင်။

(၈) အချဉ်ဖောက်တဲ့ ကြာချိန်ပေါ်မူတည်ပြီး အချဉ်အရသာကဲသော ပုန်းရည်ကြီးနဲ့ အဆိမ့်အရသာကဲသော ပုန်းရည်ကြီး ဆိုပြီး အရသာနှစ်မျိုးနှစ်စား ရှိနိုင်ပါတယ်။

စားသုံးသူအတော်များများကတော့ အဆိမ့်အရသာကဲတဲ့ ပုန်းရည်ကြီးကို ပိုကြိုက်ကြပါတယ်။

ပဲပိစပ်ကနေထုတ်လုပ်ထားတဲ့ ပုန်းရည်ကြီးဟာ အရသာလည်းရှိ၊ အမျိုးမျိုးလည်း လုပ်စားလို့ရတဲ့အပြင် ပရိုတင်း ဓာတ်(Protein)၊ လက်စီတင်ဓါတ်(Lecithin)၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာ ရေးကိုလည်း အထောက်အကူပြုပါတယ်။

ပုန်းရည်ကြီးရဲ့ စားရင် ကျန်းမာရေးကောင်းကျိုးတွေကတော့ …

(၁) ပုန်းရည်ကြီးမှာပါတဲ့ ပရိုတင်းဓာတ်ဟာ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးဖို့အတွက် အထောက်အကူပေးပါတယ်။

(၂) လက်စီတင်ဓာတ်ကတော့ ဦးနှောက်ရဲ့ မှတ်ဉာဏ်၊ စဉ်းစားဉာဏ်တွေကို ကောင်းစေပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။

(၃) ဒါ့အပြင် ကိုယ်တွင်းက မကောင်းတဲ့အဆီဓာတ် (ကိုလက်စထရောဓာတ်) ကိုလည်း ကျစေတဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ခြေကိုလည်း လျော့ကျစေနိုင်ပါတယ်။

(၄) ပုန်းရည်ကြီးစားခြင်းဖြင့် ဝမ်းချုပ်ခြင်း၊ ဝမ်းမာခြင်း ကင်းဝေးပြီး ဝမ်းပျော့ပျော့ သွားစေနိုင်တဲ့အတွက် အစာ အိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းစေနိုင်ပါတယ်။

(၅) ပုန်းရည်ကြီးမှာပါတဲ့ အန်တီအောက်ဆီးဒန့်ဓာတ် တစ်မျိုးဟာ ကင်ဆာဆဲလ်တွေ ဖြစ်မလာအောင် ကာကွယ် ပေးနိုင်ပြီး ပုန်းရည်ကြီး မကြာခဏစားပေးခြင်းဖြင့် သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေနိုင်ပါတယ်။

ယောအတွင်းဦးဘိုလှိုင်ရေးသားပြုစုတဲ့ ဥတုဘောဇနကျမ်းမှာဆိုရင်လည်း

 " ပုန်းရည်သည် ဝမ်းကိုပျော့စေတတ်၏။ နှုတ်ကိုမြိန်စေတတ်၏။ အစာကိုကြေစေတတ်၏။ လေသလိပ်တို့ကို ငြိမ်းစေတတ်၏။ " ဆိုပြီး ပုန်းရည်ကြီးရဲ့ အကျိုးကျေးဇူးတွေကို ရေးသားဖော်ပြထားပါတယ်။

ဒါကြောင့်  စားလို့လည်းကောင်း၊ ကျန်းမာရေးအတွက်လည်း အကျိုးများတဲ့ ပုန်းရည်ကြီးကို  အမျိုးမျိုး ပြုလုပ် စားရင်း ထမင်းစားမြိန်ကြပါစေနော်။

ရေးသားသူ - နှင်းဖြူဖြူ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်