ပဲငံပြာရည်ကို အထူးသဖြင့် သက်သတ်လွတ်ဟင်းများ၌ ငါးငံပြာရည်အစား အသုံးပြုလာကြပါသည်။ ပဲငံပြာရည်ပြုလုပ်ဖို့ ရှမ်းပဲပုပ်(သို့)ပဲပိစပ်၊ တစေး၊ ထန်းလျက် (သို့) ကြံသကာနှင့် ဆားတို့လိုအပ်ပါသည်။
ပြုလုပ်နည်းမှာ
၁။ ရှမ်းပဲပုပ် သို့မဟုတ် ပဲပိစပ်များကို ပွလာအောင် တစ်ညရေစိမ်ပါ။
၂။ ပွလာပါက ပဲများကို နူးလာအောင်ပြုတ်ပါ။
၃။ ပြုတ်ပြီးသောပဲများကို ရေစစ်၍ တစေးအနည်းငယ်ဖြူးပြီး ဖျာကြမ်းပေါ် ဖြန့်ထားပါ။
၄။ သုံးရက်ခန့်ကြာလျှင် ပဲများ မှိုတက်နေပါလိမ့်မည်။ မှိုတက်နေသောပဲများကို နေလှန်းပေးရပါမည်။
၅။ ကောင်းစွာခြောက်သွေ့လာသော ပဲများကို အသင့်ကျိုထားသော ထန်းလျက် သို့ ကြံသကာရည်ထဲ ဆားတော်သင့်ရုံထည့်၍ စိမ်ပါ။
၆။ ရက်အတန်ကြာကြာထားသောအခါ ပဲငံပြာရည်ဖြစ်လာသည်။ စိမ်ထားသော ပဲများသည် ပဲငါးပိဖြစ်လာ၏။ ဒါဆိုရင် ဓာတုဆိုးဆေးမပါ ကျန်းမာရေးနှင့်ညီညွတ်တဲ့ ပဲငံပြာရည်ကိုရရှိပါပြီ။
ပဲငံပြာရည်သည် ထန်းလျက် သို့မဟုတ် ကြံသကာရည်၏ အပျစ်အကျဲကိုလိုက်၍ အရည်ပျစ်၊အရည်ကျဲဟူ၍ နှစ်မျိုးနှစ်စားရှိရာ ပဲငံပြာရည် အကြည်၊ အနောက်ဆိုပြီး ခေါ်ဝေါ်ကြပါသည်။ ပဲငံပြာရည်၏အနံ့မှာ ငါးငံပြာရည်ကဲ့သို့ မပြင်းဘဲ ခပ်သင်းသင်းရှိသည်။ အရသာမှာ ချိုသည်။ ပဲငံပြာရည်သည် ဟင်း၏အရသာကို ထူးခြားစေသည့်ပြင် အရောင်ကိုလည်း ကောင်းစေ၏။ မြန်မာတို့သည် ဟင်းချက်ပြုတ်ရာတွင် ငါးငံပြာရည်ကို ပိုမိုအသုံးများကြပြီး ယခုနောက်ပိုင်းတွင် ပဲငံပြာရည်ကိုပါ အသုံးများလာကြသည်။
ပင်လယ်ပြာ(ငါးဦးစီး)
မှီငြမ်း-မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more