မြေဆီတင်သွင်းခွင့် ပိတ်ပင်မှုဂယက်နှင့်အတူ သီရိလင်္ကာလက်ဖက်အထွက် ၂၃ နှစ်အတွင်း အနိမ့်ဆုံး ကျဆင်း

13/05/2022 17:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

နိုင်ငံရေးအကျပ်အတည်း ကြုံတွေ့နေတဲ့ သီရိလင်္ကာနိုင်ငံရဲ့ အရေးပါလက်ဖက်သီးနှံ ပြည်ပတင်ပို့မှုဟာ ၂၃ နှစ်အတွင်း အနိမ့်ဆုံးထိ ကျဆင်းသွားခဲ့ကြောင်း အစိုးရရဲ့ ဗုဒ္ဓဟူးနေ့ ပို့ကုန်စာရင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ သီရိလင်္ကာအစိုးရ ချမှတ်ခဲ့တဲ့ မြေဆီသွင်းကုန်ပိတ်ပင်မှုနဲ့ ယူကရိန်းမှာ ဖြစ်နေတဲ့ စစ်ပွဲတို့က လက်ဖက်ပို့ကုန်ကို ထိခိုက်ကျဆင်းစေခဲ့တာလို့ သိရပါတယ်။

လက်ဖက်ဟာ ဒီကျွန်းစုနိုင်ငံလေးရဲ့ အကြီးမားဆုံး ပြည်ပပို့ကုန် ဖြစ်ပါတယ်။ ၁၉၄၈ လွတ်လပ်‌ရေးနှစ် နောက်ပိုင်း အဆိုးဆုံးဖြစ်တဲ့ လက်ရှိစီးပွားရေးအကျပ်အတည်း မတိုင်ခင်ကတော့ သီရိလင်္ကာဟာ လက်ဖက်တင်ပို့မှုကနေ နှစ်စဉ် နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ရရှိနေခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ အစိုးရက နိုင်ငံခြားငွေကြေးချွေတာဖို့နဲ့ အကြွေးဒေဝါလီခံရနိုင်ခြေကို ရှောင်လွှဲဖို့ဆိုပြီး ဓာတ်မြေသြဇာတင်သွင်းမှုကို မဆင်မခြင် ပိတ်ပိတ်ခဲ့ပါတယ်။ ဒါဟာ လက်ဖက်စိုက်ပျိုးသူတွေကို အထိနာစေခဲ့ပြီး ၂၀၂၁ နိုဝင်ဘာလနဲ့ ၂၀၂၂ ဖေဖော်ဝါရီလအကြား လက်ဖက်အထွက် နှစ်အလိုက် ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့ရပါတယ်။

ယခု ၂၀၂၂ ပထမသုံးလပတ်အတွင်း လက်ဖက်တင်ပို့မှုဟာ ကီလို ၆၃ ဒသမ ၇ သန်းသာ ရှိခဲ့ပြီး ယခင်နှစ် ဇန်နဝါရီ-မတ် ကာလအတွင်း တင်ပို့မှု ကီလို ၆၉ ဒသမ ၈ သန်းထက် လျော့နည်းခဲ့ကြောင်း အကောက်ခွန်စာရင်းတွေအရ သိရပါတယ်။

ဒီပမာဏဟာ လက်ဖက်ကီလို ၆၀ ဒသမ ၃ သန်းသာ တင်ပို့နိုင်ခဲ့တဲ့ ၁၉၉၉ ခုနှစ် ပထမသုံးလပတ်နောက်ပိုင်း အနိမ့်ကျဆုံး ဖြစ်ပါတယ်။

ပထမသုံးလပတ်အတွင်း ပို့ကုန်ဝင်ငွေဟာလည်း ယခင်နှစ်က ဒေါ်လာ ၃၃၈ သန်း ရရှိခဲ့ရာကနေ ၂၈၇ သန်းထိ ကျဆင်းလာပါတယ်။

သွင်းအားစုပိတ်ပင်မှုကို အော်ဂဲနစ်စိုက်ပျိုးရေး ရာနှုန်းပြည့် ဖော်ဆောင်ဖို့လို့ အစိုးရက ဘယ်လိုပဲ ပုံဖော်ခဲ့ပေမဲ့ Asia Siyaka လက်ဖက်လုပ်ငန်းကတော့ လယ်ယာသုံးဆေးဝါးတွေ ပိတ်ပင်လိုက်လို့သာ လက်ဖက်အထွက်နှုန်း ကျလာရတာလို့ ပြစ်တင်လိုက်ပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းရဲ့ ဖိအားပေးတောင်းဆိုမှုကြောင့် သွင်းအားစုပိတ်ပင်မှုကို အောက်တိုဘာလအတွင်းက ဖယ်ရှားပေးခဲ့ပေမဲ့ အဲဒီအချိန်မှာ နိုင်ငံတွင်း ဒေါ်လာပြတ်လပ်နေပြီဖြစ်တာကြောင့် လယ်သမားတွေဟာ တင်သွင်းဓာတ်မြေသြဇာ ဝယ်ယူလို့မရနိုင် ဖြစ်ခဲ့ရပါတယ်။

ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ကလည်း သီရိလင်္ကာရဲ့ လက်ဖက်တင်ပို့မှု ၁၀ ရာခိုင်နှုန်းကို ထိခိုက်စေခဲ့တယ်လို့ လုပ်ငန်းတာဝန်ရှိသူတွေက ပြောပါတယ်။ စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံလုံးဟာ သီရိလင်္ကာဆီက လက်ဖက်မွှေး အဓိကဝယ်လက်တွေ ဖြစ်ပါတယ်။

လူဦးရေ ၂၂ သန်း ရှိတဲ့ ကျွန်းစုနိုင်ငံဟာ အခြေခံအကျဆုံးကုန်စည်တွေ ဖြစ်တဲ့ အစားအသောက်၊ လောင်စာဆီနဲ့ ဆေးဝါးတွေ တင်ပို့ဖို့ မတတ်နိုင်လောက်အောင်အထိ နိုင်ငံခြားငွေကြေး ပြတ်လပ်နေပါတယ်။

ဒီလို ပြတ်လပ်မှုတွေနဲ့ ကုန်ဈေးနှုန်း တစ်ဟုန်ထိုးမြင့်တက်မှုတွေကြောင့် ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး သမ္မတ Gotabaya Rajapaksa ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Sri Lanka tea exports lowest in 23 years - AFP

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်