မြန်မာ့ငရုတ်သီး (အစို) ကို ထိုင်းနိုင်ငံကို စတင်တင်ပို့

03/05/2019 10:20 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုလအတွင်း မြန်မာ့ငရုတ်သီး (အစို) ကို ထိုင်းနိုင်ငံကို စတင်တင်ပို့နေပြီဖြစ်ကြောင်း ငရုတ်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း မှသိရပါတယ်။

မြန်မာ့ငရုတ်သီး(အစို)ကို ဧပြီလအတွင်းမှစတင်ကာ ထိုင်းနိုင်ငံကိုတင်ပို့နေပြီး အခြားနိုင်ငံများကိုလည်း ဆက်လက်တင်ပို့သွားမှာဖြစ်ကြောင်း ငရုတ်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဥမ္မာကျော်ကပြောပါတယ်။

“ အခုဒီလအတွင်းမှာ မြန်မာ့ငရုတ်သီး (အစို) ကို နယ်စပ်ကနေမှတစ်ဆင့် ထိုင်းကို စတင်တင်ပို့နေပြီ။ အခြားနိုင်ငံတွေကိုလည်း တင်ပို့ဖိုအတွက် စီစဉ်လုပ်ဆောင်နေတယ်။ ငရုတ်သီး (အစို) ကလည်း အခုဒီရက်ပိုင်းအတွင်းမှာ ဝယ်လိုအားကလည်း တအားလိုက်နေတယ်“

ထိုင်းနိုင်ငံကို အခုလအတွင်းစတင်တင်ပို့ခဲ့ရာ တန်ချိန် (၃၀) ဝန်းကျင် တင်ပို့နိုင်ပြီဖြစ်ကြောင်းအဆိုပါ အသင်းမှသိရပါတယ်။

မြန်မာ့ငရုတ်ကို ကျောက်ဆည် နဲ့ ဧရာဝတီတိုင်းဒေသကြီးမှာလည်း အများဆုံးစိုက်ပျိုးကြောင်း ငရုတ်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။

တိုးတိုးခိုင် (ABN)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်