တရုတ်နိုင်ငံသို့ သရက်သီးတင်ပို့မှု ၈၀ ရာခိုင်နှုန်းဝန်းကျင် ရပ်ဆိုင်းထား

10/05/2021 11:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတဆင့် အိမ်နီးချင်းတရုတ်နိုင်ငံသို့ စိန်တလုံးသရက်သီးများ တင်ပို့ရောင်းချမှု (၈၀)ရာခိုင်နှုန်းဝန်းကျင် ရပ်ဆိုင်းထားကြောင်း သရက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

ဈေးကွက်ကတော့ မူဆယ်ဈေးကွက်ကို ပျက်နေတာပါ။ အရင်ထက်စာရင် ကားအစီးရေတွေ လျော့ပြီးတင်ပို့နေကြရတာပေါ့။ ဈေးနှုန်းက မကိုက်ဘူးလေ။ သူတို့ကို အလကားသွားပေးနေရသလို ဖြစ်နေတာပေါ့။ ဒါ့ကြောင့် တင်ပို့မှုကို ရပ်ထားကြပါတယ်။ ၈၀ ရာခိုင်နှုန်းလောက်အထိကို ရပ်ထားတယ်။ စိုက်စရိတ်နည်းနည်းပါးပါးကာမိချင်လို့ တင်ပို့တဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲ တင်ပို့သူရှိတော့တယ်။

ဟု သရက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဥက္ကဌ ဦးသန်းထွန်းက ပြောသည်။

    မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် သရက်သီးတင်ပို့ရောင်းချသည့်ဈေးကွက်အတွင်း ဧပြီလ(၂၈)ရက်အထိ သရက်သီးဈေးနှုန်းများမှာ သရက်သီး (အရည်အသွေးမြင့်)တစ်ခြင်းလျှင် (၁၁၀) ယွမ်မှ (၁၃၀) ယွမ်အတွင်း၊ သရက်သီး (အရည်အသွေးအနိမ့်) တစ်ခြင်းလျှင် (၅၀)ယွမ်မှ (၇၀)ယွမ်အတွင်း ဈေးနှုန်းများရရှိခဲ့ကြောင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ရှိ ခွာညိုသစ်သီးပွဲရုံမှ သိရသည်။

ကားခက 15kg, 16kg ခြင်းတစ်ခြင်းကို ၁၆၀၀/၁၇၀၀ ကျပ်လောက် ကျတယ်။ တင်ပို့တဲ့အခါ စစ်ဆေးခ၊ ရှန်တိန်လုပ်ခတို့လည်း ပေးရဦးမယ်။ သရက်အိတ်စွပ်ခ၊ ခြင်းဖိုးတွေ ဘာမှမပါသေးဘူး။ မူဆယ်အရောက်ဆိုရင် တစ်ခြင်းကို မြန်မာငွေ ရှစ်ထောင်လောက် ကုန်ကျသွားတယ်။ ဧပြီလအထိက သရက်တစ်ခြင်းကို ယွမ်တစ်ရာကျော်လောက် ဈေးရခဲ့သေးတယ်။ အခု မေလဆန်းမှာတော့ သရက်ခေါင်စ (အရည်အသွေးမြင့်) တစ်ခြင်းကိုမှ ယွမ် ၆၀/၇၀ လောက်ပဲ ဈေးရတော့တယ်။ ဒါ့ကြောင့် မပို့ကြတော့ဘူး။ ရပ်ထားကြတယ်။

ဟု ဦးသန်းထွန်းက ဆက်လက်ပြောသည်။

    ယခင်နှစ်များက ဈေးကွက်ကောင်းမွန်ခဲ့ချိန်များအတွင်း သရက်သီးတစ်တန်လျှင် မြန်မာငွေကျပ် (၁၀) သိန်းဝန်းကျင်အထိ ဈေးကောင်းရရှိခဲ့ကြောင်း သိရသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်