အိန္ဒိယ၏ အကောက်ခွန်ရှင်းလင်းမှု လုပ်ငန်းရပ်ဆိုင်းခြင်းကြောင့် မြန်မာ့ပဲတင်ပို့မှုရပ်

03/02/2019 14:30 PM တွင် Thein Soe Min Thein Soe Min မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

အိန္ဒိယနိုင်ငံသည် ပဲတင်သွင်းနေရမှုများအပေါ် အကောက်ခွန်ရှင်းလင်းသည့် ဝန်ဆောင်မှုကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ လ ၃၁ ရက်နေ့မှစတင်၍ ရပ်ဆိုင်းလိုက်ရာ အကျိုးဆက်အဖြစ် မြန်မာ့ပဲတင်ပို့မှုမှာ ရပ်ဆိုင်းသွားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

အိန္ဒိယသည် ၂၀၁၇ ခုနှစ်မှစ၍ မြန်မာ့ပဲတင်သွင်းမှုအပေါ် ခွဲတမ်းစနစ် (Quota) ဖြင့် တင်သွင်းစေခဲ့ပြီး ယခုအခါ အဆိုပါ ခွဲတမ်းစနစ်သာမက ၎င်းတို့၏ လိုအပ်ချက်အရ တင်သွင်းမှုအပေါ်တွင်လည်း အကောက်ခွန်ရှင်းလင်းသည့် ဝန်ဆောင်မှုများ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ယင်းသို့ အကောက်ခွန်ရှင်းလင်းမှုများရပ်ဆိုင်းကြောင်း အိန္ဒိယနိုင်ငံ ချန်နိုင်းပြည်နယ်တရားရုံးက ကြေညာသည်။

"အကျိုးဆက်က ဘာတွေဖြစ်လာလဲဆိုတော့ ဒီဘက်မှာတင်ဖို့ အနည်းငယ်ကျန်တဲ့ပဲ၊ နောက်တစ်ခါ ထပ်ပြီးဝယ်ယူဖို့ အားယူနေတဲ့အနေအထားအားလုံးက ရပ်ကုန်တယ်" ဟု ဦးမင်းကိုဦးက ဆိုသည်။

ထိုသို့ အကောက်ခွန်ရှင်းလင်းသည့် ဝန်ဆောင်မှုများ ရပ်ဆိုင်းခြင်းကြောင့် အိန္ဒိယသို့ တင်ပို့ပြီးသည့် မြန်မာပဲများအတွက် အခက်ဖြစ်စေပြီး လမ်းခရီးတွင် ရောက်ရှိနေသည့် တင်ပို့ဆဲမြန်မာ့ပဲအတွက်လည်း အကောက်ခွန်ရှင်းပေးခြင်း ပြု မပြုကို ရှင်းလင်းစွာမသိရဟု ၎င်းက ဆိုသည်။

အိန္ဒိယက ပဲဝယ်ယူမှု ရပ်လိုက်ခြင်းကြောင့် ပြည်တွင်းပဲဈေးနှုန်းများ ကျဆင်းလာပြီး ပြီးခဲ့သည့် သီတင်းပတ်အတွင်း မတ်ပဲတစ်တန်လျှင် ခုနစ်သိန်းဈေးရှိရာမှ လက်ရှိတွင် မတ်ပဲတစ်တန်လျှင် ၅၆၀,၀၀၀ သို့ကျဆင်းသွားပြီး တစ်တန်လျှင် ၁၄၀,၀၀၀ ကျဆင်းသွားခြင်း ဖြစ်သည်။

ပဲစင်းငုံသည် ယခင်က ကျပ် ခုနစ်သိန်းခွဲဈေးမှ လက်ရှိတွင် ၆၈၀,၀၀၀ သို့ ဈေးကျသွားကြောင်း ပဲဈေးကွက်အတွင်း မှ စုံစမ်းသိရှိရသည်။

အိန္ဒိယသည် ၂၀၁၇ ခုနှစ်မှ စတင်ပြီး ပဲသုံးမျိုးကို အကန့်အသတ်ဖြင့် ဝယ်ယူခဲ့ပြီး ၂၀၁၈-၁၉ ခုနှစ်တွင် မတ်ပဲတန်ချိန် တစ်သိန်းခွဲ၊ ပဲစဉ်းငုံတန်ချိန် နှစ်သိန်း၊ ပဲတီစိမ်းတန်ချိန် တစ်သိန်းခွဲ ဝယ်မည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း ပြည်တွင်းပဲလိုအပ်ချက်ရှိခြင်းကြောင့် ပိုမိုဝယ်ယူခဲ့ကြောင်း ဦးမင်းကိုဦးက ဆိုသည်။

အိန္ဒိယနိုင်ငံသည် ၎င်းတို့၏ပြည်တွင်း ပဲလိုအပ်ချက်အရ ပဲတင်သွင်းခွင့်ဖွင့်ခြင်း၊ ပိတ်ခြင်းပြုလုပ်သော်လည်း မြန်မာနိုင်ငံမှ ပဲစိုက်ပျိုးသူများနှင့် ပဲတင်ပို့သူများထိခိုက် နစ်နာကြောင်း၊ လက်ရှိအချိန်သည် မြန်မာနိုင်ငံတွင် ပဲမျိုးစုံရိတ်သိမ်းရာသီဖြစ်သဖြင့် ထိခိုက်နစ်နာမှု ကြီးမားနိုင်ကြောင်း ပဲကုန်သည်များကဆိုသည်။

မတ်ပဲအရောင်အဝယ် facebook page မှ ကူးယူဖော်ပြပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်