အောင်မြင်သော ငါးမွေးတောင်သူ (၁) ပြည်လုံးချမ်းသာ တစ်ရွာလုံး ကျန်းမာ အာဟာရ ကမ္ဘာ

05/09/2018 11:00 AM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

ကျွန်တော့်အမည်မှာ ဦးသန်းလွင် ဖြစ်ပါသည်။ ရွာသစ်ကျေးရွာတွင် နေထိုင်ပါသည်။ ကျွန်တော်တို့ ရွာသစ်ကျေးရွာသည် မိတ္ထီလာမြို့နယ်၊ မလှိုင်မြို့ နယ်နှင့် နတ်မောက်မြို့နယ်ကို ဆက်သွယ်ထားသော ခရိုင်ချင်းဆက် လမ်းမ ပေါ်တွင် ရှိပါသည်။ ကျွန်တော်တို့ ကျေးရွာတွင် ယခုလက်ရှိ တို့ ငါးမွေးမြူရေး စီမံကိန်းမှ ငါးမွေးတောင်သူဦးရေ (၃၀) နှင့် ငါးသားပေါက်ပြုစုသူဦးရေ () ဦး ပါ ဝင်သော ပြည်လုံးချမ်းသာ ငါးမွေးအဖွဲ့ကို ဖွဲ့စည်းထားပါသည်။ ရွာသစ် ကျေးရွာလေးသည် ယခင်ကဆိုလျှင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားပြီး တစ်ချို့မှာ ထန်းတက်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုပါသည်။

၂၀၁၆ နှစ်ဆန်းပိုင်းတွင် ပက်မြန်မာဖို့ ငါးမွေးမြူရေးအဖွဲ့ ရောက်ရှိလာပြီး ငါးမွေးမြူရေး စီမံကိန်းအကြောင်း မိတ်ဆက်ပေးခဲ့သည်။ ကျေးရွာမှာလည်း ငါး မွေးမြူရေးကို စိတ်င်စားသူများရှိလာပြီး စီမံကိန်းနှင့် လက်တွဲ လာကြပါသည်။ ကျွန်တော်သည်လည်း စီမံကိန်းနှင့် လက်တွဲ၍ ငါးမွေးမြူရေးလုပ်ငန်းကို ဆောင် ရွက်ခဲ့ပါသည်။ စီမံကိန်း၏ ပံ့ပိုးကူညီမှုဖြင့် ကျွန်တော့်တွင် အသားတိုးမွေးမြူရန် မြေသားကန်တစ်ကန်နှင့် သားပေါက် ပြုစုကန်တစ်ကန် ရှိပါသည်။ လွန်ခဲ့သော သုံးလခန့်က ကျွန်တော်၏ အသားတိုးကန်တွင် တိုင်းရင်းငါးငယ်အချို့ သဘာဝ အတိုင်း ပေါက်ပွားနေသည်ကို တွေ့ရပါသည်။ စီမံကိန်းမှ ငါးမွေးမြူရန် ထောက်ပံ့ ကူညီမှုများ၊ ငါးမွေးမြူရေးနည်းပညာများအပြင် အာဟာရနှင့် ပတ်သက်သော အကြောင်းများကိုလည်း ချိတ်ဆက် ဆွေးနွေး ပေးသည်။ အလွယ်တကူရနိုင်သော တိုင်းရင်းငါးငယ်ကလေးများ အာဟာရကြွယ်ဝမှုဆိုင်ရာ ဗဟုသုတများကိုလည်း ဆွေးနွေးပွဲများတွင် အလျင်းသင့်သလို ဆွေးနွေးပြောကြားပေးခဲ့သည်။ ထို ငါးငယ်လေးများကို စားသုံးခြင်းဖြင့် မျက်စိကြည်ခြင်း၊ အရိုးအဆစ်သန်မာပြီး ညဏ်ရည်ဖွံ့ဖြိုးခြင်းများအပြင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများအတွက် အထူးကောင်းမွန်ခြင်းများ ရှိသည်ကို အသေးစိတ် သိရှိရပါသည်။ ကျွန်တော်တို့ရွာတွင် ယခင်က ဆိုလျှင် ငါးကလေးများ စားသုံးမှုနည်းပြီး ပြင်ဆင် ချက်ပြုတ်သည့်အခါတွင်လည်း ငါးကိုခေါင်းများ ဖယ်ထုတ်၍ ရေအထပ်ထပ်ဆေးပြီးမှ ချက်ပြုတ်လေ့ ရှိပါသည်။ ထို့ပြင် တိုင်းရင်း ငါးငယ်လေးများ စားသုံးခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးကို ယခင်က သိရှိခဲ့ခြင်း မရှိပါ။ ယခုအခါတွင် ငါးငယ်လေးများကို (ကြော်စား၊ အိုးကပ်ချက်စား၊ ငါးဟင်းချို လုပ်စား) စသဖြင့် အာဟာရ ပြည့်ဝပုံအကျိုးကို သိရှိပြီး တစ်ရွာလုံး ပိုမိုစားသုံး လာကြ ရှိပါသည်။

ကျွန်တော်တို့ မိသားစုတွင်လည်း တစ်ပတ်သုံးကြိမ်ခန့် ထိုငါးကလေးများကို ဖမ်းဆီး ချက်ပြုတ် စားသောက်လေ့ ရှိပါသည်။ ထိုငါးကလေးများသည် အလွယ်တကူ ရရှိနိုင်ခြင်းကြောင့် မီးဖိုချောင်စရိတ် ကာမိလာပါသည်။ ကျွန်တော်တို့ အနေဖြင့် ပိုလျှံဖမ်းမိသော ငါးငယ်ကလေးများကို အခြားသို့ရောင်းချခြင်းဖြင့် လတ်တလောတွင် လေးသောင်းကျပ်ခန့် ရရှိနေပြီး တစ်ဖက်တစ်လမ်းက ဝင်ငွေ ရရှိနေပါသည်။ ယခုအချိန်တွင် ထိုတိုင်းရင်းငါးငယ်လေးများကို အခြားငါးကြီးများဖြစ်သော ငါးမြစ်ချင်း၊ ထိုင်းငါးခုံးမများ နှင့် ရောနှောပြီး မွေးမြူကြသည်။ အခြားငါးကြီးများတွင်လည်း ဆိုးကျိုးကြီးကြီးမားမား မရှိပါ။ ငါးကလေးများကိုလည်း လိုအပ်ချိန်တွင် အချိန်မရွေး ဖမ်းစားရန် အဆင်ပြေပါသည်။

ယခုဆိုလျှင် ကျွန်တော်တို့ရွာတွင် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးကန်များ နှင့် ငါးသားပေါက် ပြုစုကန်များ အပြင် Livelihoods and Food Security Trust Fund တစ်ရွာလုံးပိုင် community pond ကိုပါ အကောင်အထည်ဖော်ဖြစ်စေရန် အကူအညီပေးသော "တို့ ငါးမွေးမြူရေး စီမံကိန်း” အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ထပ်မံ၍ ပြောကြားအပ်ပါသည်။ ပါသည်။

Source – My Culture

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်