စုတ်ခွက်ငါး ဟုခေါ်သော ငါးတစ်မျိုးသည် ငါးမွေးကန်များတွင်ဝင်ရောက်ပြီး သဘာဝအတိုင်း ပေါက်ပွားရှင်သန် လျက် ရှိသည်။ ထို ငါးများသည် တောင်အမေရိက ဇာတိဖြစ်ပြီး ၂ ပေခန့်အထိ ကြီးထွားနိုင်သည်။ ပလီကို (Pleco) ဟုအသိများကြသည် ။ ညအမှောင်ကို နှစ်သက်သည်။ အောက်ခြေတွင်ရေညှိများကို စားသုံးသည်။ ရေညှိ ရေမှော်များကို စားသောကြောင့် အလှမွေးငါးကန်များကို သန့်ရှင်းပေးသော ငါးဟုလည်း ထင်ရှားသည်။ မြန်မာနိုင်ငံသို့ အလှမွေးငါး တင်သွင်းခြင်း မှ ရောက်ရှိလာသည် ။ စားသုံးရန် ငါးအဖြစ် အသုံးချခြင်း မွေးမြူခြင်း သတင်းမရရှိသေးပါ။
မြန်မာနိုင်ငံတွင် ၂ - ၃ နှစ်ကြာမှ တစ်ကြိမ် ရေခန်းငါးထုတ်ဖော်ခြင်း ရာသီဥတု ပြောင်းလဲခြင်းတွင် အပူချိန် မြင့်မားလာခြင်းကြောင့် ငါးကန် အောက်ခြေ တွင် ရေညှိ ရေမှော်များ သြဂဲနစ် အဆွေးများပိိုုမို အစုအပုံ ဖြစ်နေစေခြင်း မှာ စုတ်ခွက်ငါး (ပလီကို) များရှင်သန်ပေါက်ပွားရန် အခြေအနေ ကောင်းများ ဖြစ်ပေါ်စေပါသည် ။
စုတ်ခွက်ငါး (ပလီကို) များကြောင့် မွေးငါးများ အစာလုံလောက်မှုမရှိခြင်း ၊ မွေးမြူရေးငါးများ၏နေရာကို ခွဲဝေယူထားသဖြင့် ရေရှည်အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရပါမည်။
- ငါး အစာအဖြစ် ပြုပြအသုံးချခြင်း
- စားသုံးရန် တီထွင် လမ်းကြောင်းဖော်ထုတ်ခြင်း
- စုတ်ခွက်ငါး (ပလီကို) များ၏ အာဟာရတန်ဘိုးကို စစ်ဆေးတိုင်းတာခြင်း၊ စားသုံးရန် ပညာပေးလှုံဆော်ခြင်း။
Source - Aquadapt
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more