ကြံသီးနှံ တစ်ဆစ်ချင်း ပျိုးထောင်စိုက်ပျိုးနည်းစနစ် သင်တန်းဖွင့်လှစ်ခြင်း

16/07/2015 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှု သီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ကြံသီးနှံ ပညာပေးရေးနှင့် နည်းပညာဖွံ့ဖြိုးရေး ဌာနခွဲမှ နေပြည်တော်ကောင်စီနယ်မြေနှင့် ကြံစိုက်ပျိုးရာ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် တစ်ဧကလျှင် တန် ၈၀ အထက် ထွက်ရှိနိုင်သည့် ကြံသီးနှံ တစ်ဆစ်ချင်း ပျိုးထောင်စိုက်ပျိုးနည်းစနစ်အား တောင်သူများ လေ့လာစိုက်ပျိုးနိုင်ရန် အတွက် ပညာပေး စိုက်ပျိုးပြသလျက် ရှိပါသည်။ ကြံစိုက်ပျိုးနေကြသည့် တောင်သူများ၊ ကြံစိုက်ပျိုးရေး လုပ်ငန်းရှင်များနှင့် သကြားစက်ရုံပိုင်ရှင် ကုမ္ပဏီများ အနေဖြင့် ကြံသီးနှံ တစ်ဆစ်ချင်း ပျိုးထောင် စိုက်ပျိုးနည်းစနစ်အား သင်ယူစိုက်ပျိုးလိုပါက နေပြည်တောင်ကောင်စီနယ်မြေ ပညာပေးကြံစိုက်ကွင်းများတွင် စာတွေ့၊ လက်တွေ့ ရက်တို (၃) ရက် သင်တန်း (၂၁-၇-၂၀၁၅ ရက်မှ ၂၃-၇-၂၀၁၅ ရက်) အထိ အခမဲ့ နံနက်၊ နေ့လယ်၊ စားစရိတ်၊ တည်းခိုစရိတ်၊ သင်တန်းစရိတ် ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးသွားမည် ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ အောက်ဖော်ပြပါ လိပ်စာတွင် မေးမြန်းစုံစမ်း စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိပါသည်။

ဆက်သွယ်ရန် လိပ်စာ 

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာန

ကြံသီးနှံပညာပေးရေးနှင့် နည်းပညာဖွံ့ဖြိုးရေး ဌာနခွဲ

ရုံးအမှတ် ၅၀၊ နေပြည်တော်

ဖုန်း ၀၆၇ ၄၃၁ ၂၀၈၊ ၀၆၇ ၄၃၁ ၂၀၉ 

ကိုးကား - မြန်မာ့အလင်း သတင်းစာ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်