ယခုအချိန်သည် နွေနှမ်းများ ရိတ်သိမ်းခြွေလှေ့သည့် ရာသီကာလဖြစ်ပြီး၊ ပြည်ပဈေးကွက်သို့တင်ပို့မှုပိုင်း အားနည်းနေသည့်အတွက် မျှော်လင့်ထားသလောက် ဈေးကောင်းမရရှိကြောင်း မကွေးတိုင်းဒေသကြီးမှ နှမ်းစိုက်တောင်သူများက ပြောသည်။
အခု ကျွန်တော်တို့ဒေသမှာ ပြောင်းဖူးနဲ့နှမ်း ရိတ်သိမ်းနေတဲ့ကာလပါ။ နှမ်းက နှမ်းအဖြူပါ။ ကျွန်တော်တို့ဆီက နှမ်းအသန့်တွေကို ဆီကြိတ်ဖို့အတွက် ဆီစက်တွေက လာဝယ်တယ်။ ဆီစက်တွေတင်မဟုတ်ဘဲ ဒီအတိုင်း နှမ်းအသန့်ချည်းပဲလည်း ရောင်းချတယ်။ အများအားဖြင့်တော့ မန္တလေးမြို့က ပွဲရုံတွေနဲ့ ကိုယ့်ဒေသတွင်းမှာ ရောင်းချတယ်။ နှမ်းကို အသန့်လုပ်ပြီး ရောင်းတာပါ။ ဈေးကွက်က သိပ်အကောင်းကြီးတော့ မဟုတ်ဘူး။ အရင်နှစ်ထက်တော့ ဈေးကျတယ်။ ဒီနှစ်မှာ ပြည်ပတင်ပို့မှု Export အားနည်းနေတာကြောင့်ပါ။ အရင်ကတော့ အိမ်နီးချင်းနိုင်ငံတချို့ကို တင်ပို့လို့ရသေးတယ်လေ။
ဟု မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့၊ စလင်းမြို့နယ်၊ မြောက်ရှားတောကျေးရွာမှ အာလူး၊ ပြောင်း၊ နှမ်း စီးပွားဖြစ်စိုက်ပျိုးသူ ဦးနေမျိုးက ပြောသည်။
နွေနှမ်းကို ဖေဖော်ဝါရီလနောက်ဆုံးပတ်၊ မတ်လအစောပိုင်း ကာလများတွင် စိုက်ပျိုးလေ့ရှိကြပြီး စိုက်ပျိုးပြီး (၂) လခွဲအကြာတွင် ရိတ်သိမ်းနိုင်ကြောင်း သိရသည်။
ဒီနှစ် နွေနှမ်းအထွက်နှုန်းကတော့ ရာသီဥတုပူတဲ့အတွက် အထွက်နှုန်းက နည်းနည်းလျော့တယ် ခင်ဗျ။ တစ်ဧကမှာ ဆယ့်ငါးတင်းလောက်ပဲ ထွက်တယ်။ နှမ်းအနက်လည်း ခါတိုင်းနှစ်ကတော့ စိုက်တယ်။ ဒီနှစ်မှာတော့ နှမ်းအဖြူကိုပဲ စိုက်လိုက်တာပါ။ နှမ်းအဖြူကျတော့ ဆီနှမ်းပေါ့။ နှမ်းတစ်ဧက စိုက်ပျိုးစရိတ် ပျမ်းမျှဆိုရင် နှစ်သိန်းခွဲကနေ သုံးသိန်းကျပ်အတွင်း ကုန်ကျနိုင်ပါတယ်။
ဟု ဦးနေမျိုးက ဆက်လက်ပြောသည်။
၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၄)ရက် ဆီထွက်သီးနှံ (နှမ်းအဖြူ) ပေါက်ဈေးများအရ (၁၅)ပိဿာ တစ်တင်းလျှင် (၃၇,၀၀၀)ကျပ် ဝန်းကျင် ပေါက်ဈေးရှိနေသည်။
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more