ချိုချိုဆိမ့်ဆိမ့်အရသာရှိတဲ့ ကန်စွန်းဥထောပတ်ယို

07/09/2021 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

    ချိုချိုဆိမ့်ဆိမ့်အရသာရှိသော ကန်စွန်းဥကို ခလေး၊ လူကြီးမရွေး နှစ်သက်ကြပါတယ်။ ကန်စွန်းဥကို ပြုတ်စား၊ ဖုတ်စား၊ ကြော်စား၊ သုပ်စား၊ မုန့်လုပ်စားကြသလို ယိုထိုး၍လည်း စားသုံးလေ့ရှိကြပါတယ်။

    ကန်စွန်းဥထောပတ်ယိုမှာ အရမ်းမွှေးပြီး အရသာကောင်းမွန်တာကြောင့် ပြုလုပ်နည်းလေးကို ပြောပြပေးပါမယ်။ 

ပါ၀င်သောပစ္စည်းများ

၁။ ကန်စွန်းဥ - ၁ ပိသာ

၂။ သကြား - ၂၅ ကျပ်သား (အချိုကြိုက်လျှင် ပိုထည့်ပါ။)

၃။ ဆား - လက်ဖက်ရည် ဇွန်း လေးပုံတစ်ပုံ

၄။ ထောပတ် - ၁၀ သား

၅။ ဆီ - ၁၀ သား

၆။ ခြစ်ပြီးသား အုံးသီးဖတ် - ၃ ခွက် (ရိုးရိုးကော်ဖီခွက်)

၇။ စပျစ်သီးခြောက် - အနည်းငယ်

၈။ သီဟိုဠ်စေ့- အနည်းငယ် တို့လိုအပ်ပါတယ်။

ပြုလုပ်နည်း

၁။ ကန်စွန်းဥ ကို ပျော့သည်အထိပြုတ်ထားပါ။

၂။ ပြုတ်ပြီးသား ကန်စွန်းဥများကို အအေးခံပြီး အနှစ်များရအောင် ဇကာဖြင့်တိုက်ပါ။

၃။ ယိုထိုးမည့် ဒယ်အိုးထဲတွင် ဆီနှင့် ထောပတ်ကိုထည့်၍ အပူပေးပါ။ ပူလာလျှင် ကန်စွန်းဥထည့်ပါ။

၄။ ထို့နောက် သကြား၊ ဆား၊ အုံးသီးဖတ်များထည့်၍ အဆက်မပြတ် မွှေပါ။

၅။ မိနစ် ၃၀ ခန့်မွှေပြီးနောက် အညိုရောင် သန်းလာပြီး အနံ့မွှေး၍ ဆီပြန်လာပါလိမ့်မည်။

၆။ ဆီပြန်လာလျှင် စပျစ်သီးခြောက်နှင့် သီဟိုဠ်စေ့ကိုထည့်၍ ခနမွှေပါ။ ပြီးနောက် မီးဖိုပေါ်မှချ၍ အအေးခံပြီး သုံးဆောင်နိုင်ပါပြီ။

(ကန်စွန်းဥ ထောပတ်ယိုကို လေလုံသော ဗူးထဲမှာထည့်ပြီး ရေခဲသေတ္တာထဲတွင် ၂ လ (သို့)  ၃ လထိ သိမ်းထားနိုင်ပါသည်။)

(၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက်) 

(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပင်လယ်ပြာ(ငါးဦးစီး)

Ref: “ အိစံ“ ၏ “ကန်စွန်းဥယို ပြုလုပ်နည်း “

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်